ရန်ကုန်တိုင်းအတွင်းရှိ PDF အဖွဲ့ဝင်များထဲမှ ပြစ် မှုကျူးလွန်ခြင်းမရှိဘဲ ဥပဒေဘောင်အတွင်း ပြန် လည်ဝင်ရောက်လာသူ ၁၀ ဦးအား မိဘများထံပြန်လည်အပ်နှံပေးခဲ့

0
132

ရန်ကုန်တိုင်းအတွင်းရှိ PDF အဖွဲ့ဝင်များထဲမှ ပြစ် မှုကျူးလွန်ခြင်းမရှိဘဲ ဥပဒေဘောင်အတွင်း ပြန် လည်ဝင်ရောက်လာသူ ၁၀ ဦးအား မိဘများထံပြန်လည်အပ်နှံပေးခဲ့

 

ရန်ကုန်တိုင်းအတွင်းရှိ PDF အဖွဲ့ဝင်များထဲမှ ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသူ ၁၀ ဦးအား သြဂုတ် ၁၉ ရက်က မိဘအုပ်ထိန်းသူများထံပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့သည်။

 

ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး၏ မင်္ဂလာခန်းမ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

 

ထိုသို့ လွှဲပြောင်းအပ်နှံရာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်တိုင်းမှူးဗိုလ်ချုပ်ညွှန့်ဝင်းဆွေတို့က နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့ကြသည်။

 

ထို့နောက် ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသည့် PDF အဖွဲ့ဝင် အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၂ ဦးတို့အား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးခဲ့ပြီးနောက် ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြသည်။

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အား နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဟု နစက ကအသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here