ကုန်သွယ်လုပ်ငန်းရှင်များအား လမ်းကြောင်းမှန်ပေါ်မှသွားလာနိုင်ရေးကို တတ်နိုင်သမျှတည့်မတ်ပေးရမည်ဟု နစက ဒု-ဥက္ကဋ္ဌပြော

0
171

ကုန်သွယ်လုပ်ငန်းရှင်များအား လမ်းကြောင်းမှန်ပေါ်မှသွားလာနိုင်ရေးကို တတ်နိုင်သမျှတည့်မတ်ပေးရမည်ဟု နစက ဒု-ဥက္ကဋ္ဌပြော

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီအစည်းအဝေး(၄/၂၀၂၂)ကို သြဂုတ် ၁၉ ရက်မွန်းလွဲ ၂ နာရီက နေပြည်တော်၌ပြုလုပ်ရာတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦး ဆောင်ကော်မတီဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ် ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးတွင် ပါဝင်သူများအနေဖြင့် ဖမ်းဆီးရမိမှုများကိုတိုးတက်အောင်အားထုတ်ကြိုးပမ်းလုပ်ဆောင်ရမည်ဖြစ်ကာ အဓိကရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် တ ရားမဝင်ကုန်သွယ်မှုလျော့နည်းပပျောက်ရေးကိုလည်းဖော်ဆောင်သွားရမည်ဟု ပြောသည်။

“အဲဒီလို ဖော်ဆောင်ရာမှာ ကုန်သွယ်လုပ်ငန်းရှင်တွေ တရားမဝင်လမ်းကြောင်း တစ်နည်းအားဖြင့် လမ်းကြောင်းအမှားကသွားတာကို ဖမ်းဆီးအ ရေးယူသလို လမ်းကြောင်းမှန်ပေါ်ကသွားလာနိုင်ဖို့ကိုလည်း တတ်နိုင်သမျှတည့်မတ်ပေးကြရပါမယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။


အလားတူ အထူးအဖွဲ့များ၊ OSS အဖွဲ့ဝင်များအ နေဖြင့် တရားမဝင်ကုန်ပစ္စည်းများကို ထိရောက်စွာဖမ်းဆီးနိုင်ရေး ကြိုးပမ်းအားထုတ်ရမည်ဟု ပြောသည်။

ထို့ပြင် ကုန်သည်လုပ်ငန်းရှင်များအား ကုန်သွယ်မှုများ မှန်မှန်ကန်ကန် ဆောင်ရွက်တတ်စေရေးနှင့် လမ်းကြောင်းမှန်ပေါ်ရောက်ရှိစေရေးကို ကူညီထိန်းကျောင်းပေးရမည်ဟု ပြောသည်။

ထို့အတူ ဖမ်းဆီးရမိမှုများအနေဖြင့် ဇွန်လတွင် ဖမ်းဆီးရမိမှု စုစုပေါင်းတန်ဖိုးငွေကျပ်(၃ ဒသမ ၄ ဘီလီယံ)သာရှိခဲ့သော်လည်း ဇူလိုင်လတွင် ငွေကျပ်(၆ ဒသမ ၁ ဘီလီယံ)အထိနှစ်ဆနီးပါးတိုး တက်လာသည်ကိုတွေ့ရှိရသည်ဟု ပြောသည်။

အလားတူ ဇန်နဝါရီလမှဇူလိုင်လအထိ(၇)လတာအတွင်း ဖမ်းဆီးရမိမှုအမှုတွဲ(၂၁၈၂)မှု ခန့်မှန်းတန်ဖိုးငွေကျပ်(၃၁ ဒသမ ၂၈ ဘီလီယံ)ဖြစ်ပြီး ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ဖမ်းဆီးရမိ အမှုတွဲ(၉၃၀)မှု ခန့်မှန်းတန်ဖိုးငွေကျပ်(၂၅ ဒသမ ၄၆ ဘီလီယံ)ပိုမိုရရှိခဲ့သည်ဟု ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here