ဒေါ်အောင်ဆန်းစုကြည်အားအ ထူးအခွင့်အရေးပေး၍ နေအိမ်ကဲ့သို့ထားရှိဆောင်ရွက်ပေးထားဟု နစက ဥက္ကဋ္ဌပြော

0
474

ဒေါ်အောင်ဆန်းစုကြည်အားအ ထူးအခွင့်အရေးပေး၍ နေအိမ်ကဲ့သို့ထားရှိဆောင်ရွက်ပေးထားဟု နစက ဥက္ကဋ္ဌပြော

နစက ဥက္ကဋ္ဌက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန် မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာနှင့်တွေ့ဆုံစဥ် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ခြင်းကိုထုတ်ပြန်ထားချက်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား ဥပဒေကြောင်းအရ မဲစာရင်းမှားယွင်းမှုများကို ဖြေရှင်းဆောင်ရွက်ပေးရန်တောင်းဆိုခဲ့သော် လည်း ဥပဒေကြောင်းအရ ဖြေရှင်းဆောင်ရွက်ခြင်းမရှိသည့်အပြင် ဥပဒေနှင့်မလျော်ညီသည့် လုပ်ဆောင်ချက်များ ဆောင်ရွက်ခဲ့သည်ဟု နစက ဥက္ကဋ္ဌကဆွေးနွေးပြောကြားခဲ့သည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အားအရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ရခြင်းဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ယင်းကိစ္စအား ဥပဒေကြောင်းအရ ဖြေရှင်းဆောင်ရွက်ခဲ့ပါက လက်ရှိဖြစ်ပေါ် နေသည့်ကိစ္စများ လုံးဝဖြစ်လာမည်မဟုတ်ဟု နစက ဥက္ကဋ္ဌကဆွေးနွေးပြောကြားခဲ့သည်။

ယင်း ကိစ္စတွင် ဒေါ်အောင်ဆန်းစုကြည်အား မိမိတို့အနေဖြင့် ဥပဒေနှင့်အညီသာ ဆောင်ရွက်သွားမည်ဖြစ်ကာ ဥပဒေအရတရားစီရင်မှုကိစ္စများ ပြီး ဆုံးပြီးနောက် မိမိတို့၏လုပ်ဆောင်ချက်အပေါ် တုံ့ပြန်လာမှုများအားမူတည်၍ ဒေါ်အောင်ဆန်းစုကြည်အပေါ် စဉ်းစားဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

အလားတူ မိမိအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ယခုထက်ပို၍ အရေးယူဆောင်ရွက်မှုများပြုလုပ်နိုင်သော်လည်း သက်ညှာခဲ့​ကြောင်းနှင့်

ယခုအချိန်တွင် မည်ကဲ့သို့ ဆက်လက်လုပ်ဆောင်သွားမည်ကို ပြောရန်အချိန်စောလွန်းသေးသည်ဟု နစက ဥက္ကဋ္ဌကဆွေးနွေးပြောကြားခဲ့သည်။

“မိမိတို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုအထူးအခွင့်အရေးပေးပြီး နေအိမ်မှာလိုဘဲ ထားရှိပြီး ဆောင်ရွက်ပေးထားပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here