၂၀၂၂ ပညာသင်နှစ် အဝေးသင် ဒုတိယအသုတ်၊တတိယအသုတ် ဝိဇ္ဇာအထူးပြုများအတွက် အနီး ကပ်သင်တန်းများအား စက်တင်ဘာလနှင့်အောက်တိုဘာလတို့၌ဖွင့်လှစ်မည်

0
336

၂၀၂၂ ပညာသင်နှစ် အဝေးသင် ဒုတိယအသုတ်၊တတိယအသုတ် ဝိဇ္ဇာအထူးပြုများအတွက် အနီး ကပ်သင်တန်းများအား စက်တင်ဘာလနှင့်အောက်တိုဘာလတို့၌ဖွင့်လှစ်မည်

ဒုတိယအသုတ်နှင့်တတိယအသုတ် ဝိဇ္ဇာအထူးပြု ပထမနှစ်(၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် တက္က သိုလ်ဝင်စာမေးပွဲအောင်မြင်သူများ)၊ဒုတိယနှစ်နှင့်တတိယနှစ်သင်တန်းများအတွက် အနီးကပ်သင်တန်းများအား ပညာရေးဝန်ကြီးဌာန၊အဆင့်မြင့်ပညာဦးစီးဌာနက စက်တင်ဘာလနှင့်အောက်တိုလတို့၌ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၂ ပညာသင်နှစ် အဝေးသင် ဒုတိယအသုတ် ဝိဇ္ဇာအထူးပြု ပထမနှစ်၊ဒုတိယနှစ်နှင့်တတိယနှစ် သင်တန်းနှစ်များအတွက် အနီးကပ်သင်တန်းများအား စက်တင်ဘာ ၁၂ ရက်မှ ၂၂ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်သည်။

အင်္ဂလိပ်စာ၊ဥပဒေပညာ၊ပထဝီဝင်၊စိတ်ပညာ၊အရှေ့တိုင်းပညာနှင့်ဒဿနိကဗေဒ အထူးပြုဘာသာရပ်များအား သင်ကြားသွားမည်ဖြစ်ပြီး စက်တင်ဘာ ၂၆ ရက်မှအောက်တိုဘာ ၁ ရက်အထိ စာမေးပွဲဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

အလားတူ တတိယအသုတ် ဝိဇ္ဇာအထူးပြု ပထမနှစ်၊ဒုတိယနှစ်၊တတိယနှစ် သင်တန်းနှစ်များ၏ မြန်မာစာ၊သမိုင်း၊စီးပွားရေးပညာနှင့်စီးပွားစီမံ ဘာသာရပ်များ၏ အနီးကပ်သင်တန်းများကိုလည်း အောက်တိုဘာ ၃ ရက်မှ ၁၅ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊အဆင့်မြင့်ပညာဦးစီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ တတိယအသုတ် ဘာသာရပ်များ၏ စာမေးပွဲများအား အောက်တိုဘာ ၁၈ ရက်မှ ၂၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here