မြန်မာနိုင်ငံ၏ ခရီးသွားဒေသများကို တရုတ်လူမှုကွန်ယက်များမှတစ်ဆင့် မြှင့်တင်ကြော်ငြာ သွား ရန် စီစဥ်နေ

0
252

မြန်မာနိုင်ငံ၏ ခရီးသွားဒေသများကို တရုတ်လူမှုကွန်ယက်များမှတစ်ဆင့် မြှင့်တင်ကြော်ငြာ သွား ရန် စီစဥ်နေ

တရုတ် ခရီးသွားဧည့်သည်များ လာမည့်ပွင့်လင်းရာသီ ခရီးသွားကာလများတွင်  ပိုမိုဝင်ရောက် လာနိုင်ရန်အ တွက် မြန်မာနိုင်ငံ၏ ခရီးသွားဒေသများကို တရုတ်လူမှုကွန်ယက်များမှတစ်ဆင့် မြှင့်တင်ကြော်ငြာသွား ရန် စီစဥ် နေကြောင်း မြန်မာ-တရုတ်ခရီးသွားမြှင့်တင်ရေးအဖွဲ့မှ အဖွဲ့ဝင် တစ်ဦးက ပြောသည်။

တရုတ်ခရီးသွားလုပ်ငန်းဖြစ်သည့်  Website,  WeChat, Weibo, Tiktok ကဲ့သို့သော တရုတ်လူမျိုးများ သုံးစွဲကြသည့် လူမှုကွန်ယက်များမှ မြန်မာနိုင်ငံ ၏ ခရီးစဥ် ဒေသ များကို သိရှိစေရန် ရည်ရွယ်ပြီး ကြော်ငြာ သွားမည်ဖြစ် ကြောင်း သိရသည်။

” Website ကတော့ အရင်ကတည်းက ရှိပြီးသားပါ။ ကျန်တဲ့ WeChat, Weibo, Tiktok စတာတွေက တရုတ်လူမျိုးအများစု သုံးကြတယ်။ ကိုယ်နိုင်ငံရဲ့ National Brand ကို သိဖို့ အဲဒီရည်ရွယ်ချက်နဲ့ လုပ်သွားဖို့ စီစဥ် ထားတာပါ “ဟု ပေါ်ပြူလာ သို့ ပြောသည်။ 

ယခုလ ဒုတိယပတ်က  ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နှင့် မြန်မာ-တရုတ်ခရီးသွားမြှင့်တင်ရေးအဖွဲ့တို့မှ ဆွေးနွေးခဲ့ကြောင်းသိရသည်။

“ကျွန်တော် တို့ ဝန်ကြီးဌာန ဘက်ကတော့ ပေါင်းစပ် ညှိနှိုင်းပေးနေပါတယ်။ ရန်ကုန်မှာ ဆွေးနွေးပြီး နောက်   အွန်လိုင်းကနေလည်း ထပ်မံအသေးစိတ် ပိုကျအောင် ဆွေးနွေးခဲ့ပါတယ် “ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ သို့ တရုတ် လူမျိုးများ လာရောက် လည်ပတ် ကျရာတွင် တရုတ်ပြည်မကြီးမှ လာရောက်လည်ပတ်မှုမှာ နည်းပါးပြီး တရုတ်ပြည်သည် လူဦးရေ အများဆုံးပြည်နယ်တစ်ခုဖြစ်သလို ကိုယ့်နိုင်ငံ ဒေသတွင်း တောင် မရောက်ကြသေးသည့် တရုတ် ခရီးသွားများလည်း အ များအပြားရှိနေသေးကြောင်းသိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံ အကြောင်း တရုတ်ခရီးသွားဧည့်သည်များ ပိုမိုသိရှိစေပြီး လာရောက် လည်ပတ် ကြရန် ယခုကဲ့သို့ စီစဥ်ဆောင်ရွက်နေကြောင်းသိရသည်။

မြန်မာ့ခရီးသွား လုပ်ငန်းမှာ ၂၀၁၉ ခုနှစ်မှ စပြီး သုံးနှစ်ကျော် လေးနှစ် နီးပါး ရပ်ဆိုင်းရလုနီးပါးဖြစ်ခဲ့ရခြင်းကြောင့် ခရီးသွားလုပ်ငန်းမှ ဝင် ငွေ မရရှိခဲ့ပဲ ရပ်တန့်ခဲ့သဖြင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်နေကြသည့် ခရီးသွားကုမ္မဏီ များနှင့် ဟိုတယ် များမှာ အကျပ်အတည်းများဖြင့် ရင်ဆိုင်ခဲ့ရကြောင်းသိရသည်။

ပုံစာ –

ယခုလ ဒုတိယပတ်က  ဟိုတယ်နှင့်ခရီးသွားလာရေးဝန် ကြီးဌာန နှင့် မြန်မာ-တရုတ်ခရီးသွားမြှင့်တင်ရေးအဖွဲ့တို့မှ ဆွေးနွေးခဲ့သည့်မြင်ကွင်းကို တွေ့ရစဥ်။


LEAVE A REPLY

Please enter your comment!
Please enter your name here