အစိုးရအဖွဲ့ကို တာဝန်ယူ ဦးဆောင်သည့်ကာလ အကန့်အသတ်အတွင်း တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်နေဟုနစက ဥက္ကဌ ဆို
နိုလင်းဟေဇာက မြန်မာနိုင်ငံအား မည်ကဲ့သို့ပုံဖော်၍ မည်သည့်လမ်းစဉ်များနှင့် ဆောင်ရွက်သွား မည်ဆိုသည့်အချက်ကို အဆွေတော်ချမှတ်ထားသော ဦးတည်ချက် ၉ ရပ်တွင် သိသာထင်ရှားစွာ မြင်တွေ့ရပါသည်ဟု ဦးစွာပြောကြားခဲ့မူအပေါ် နစက ဥက္ကဌ က အောက်ပါအတိုင်း ပြန်လည်ပြောကြားခဲ့သည်။
မိမိအနေဖြင့် လက်ရှိအချိန်တွင် မြန်မာနိုင်ငံအစိုးရအဖွဲ့ကို ဦးဆောင်၍ တာဝန်ယူဆောင်ရွက်နေစဥ် မြန်မာနိုင်ငံ အားမည်ကဲ့သို့ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်မည်ဆိုသည့်စိတ်ဖြင့် ဆောင်ရွက်လျက်ရှိ ပါသည်။
သို့ရာတွင် မိမိအနေဖြင့် မြန်မာနိုင်ငံအစိုးရအဖွဲ့ကိုဦးဆောင်၍ တာဝန်ယူ ဆောင်ရွက်သည့်ကာလသည် အကန့်အသတ်ရှိပါသည်။
နိုလင်းဟေဇာပြောကြားခဲ့သည့်ကိစ္စရပ်များအား လာမည့်ကာလတွင် အထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်၍ တာဝန်ထမ်းဆောင်မည့် အစိုးရအဖွဲ့ကသာ ဆောင်ရွက်ရမည်ဖြစ်ပါသည်။
ဥပဒေကြောင်းအရပြောကြားရမည်ဆိုလျှင် မြန်မာနိုင်ငံတော်သမ္မတအဖြစ် ၂ ကြိမ်ဆက်တိုက် ၁၀ နှစ်တာကာလအဖြစ် တာဝန်ယူ ဆောင်ရွက်နိုင်ပါသည်။
အဆိုပါကိစ္စများသည် ၁၀ နှစ်တာကာလအတွင်း အထွေထွေ ရွေးကောက်ပွဲ၌ အနိုင်ရရှိမည့် သမ္မတကသာ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များဖြစ်ပါသည်။
လက်ရှိအခြေအနေ၌ နိုင်ငံတော်အရေးပေါ် အခြေအနေကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအရ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပါသည်။
အဓိကအားဖြင့် အဆိုပါကိစ္စများထက် ပိုမိုအရေးကြီးသည့်ကိစ္စမှာ အဆွေတော်နှင့် မိမိတို့အကြား မည်ကဲ့သို့ပူးပေါင်းဆောင်ရွက်မည်ဆိုသည့်ကိစ္စများကိုသာ ပထမဆုံးဖြေရှင်းဆောင်ရွက်သွားမည်ဆိုလျှင် ပိုမိုကောင်းမွန်မည်ဖြစ်ပါသည်။
အထက်ပါ အချက်များအား ဩဂုတ်လ (၁၉) ရက်တွင် နစကဘက်မှ တွေ့ဆုံဆွေးနွေးမှုအပြည့်အစုံကို ထုတ်ပြန်ခဲ့
သည့်ပြောကြားချက်များမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။