မြန်မာ MoU အလုပ်သမား ၅၀ ဦး ကော့သောင်းမြို့မှတဆင့် ထိုင်းနိုင်ငံသို့ ယနေ့ထပ်မံထွက်ခွာ

0
588

မြန်မာ MoU အလုပ်သမား ၅၀ ဦး ကော့သောင်းမြို့မှတဆင့် ထိုင်းနိုင်ငံသို့ ယနေ့ထပ်မံထွက်ခွာ

ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် မြန်မာ MoU အ လုပ်သမား ၅၀ ဦးသည် သြဂုတ် ၂၀ ရက်(ယနေ့) မွန်းလွဲပိုင်းက ကော့သောင်းမြို့မှတဆင့် ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။

 

မြန်မာ MoU အလုပ်သမား အမျိုးသား ၄၀ ဦးနှင့်အမျိုးသမီး ၁၀ ဦး(စုစုပေါင်း ၅၀ ဦး)သည် ထိုင်းနိုင်ငံရှိ Chocksamut Marine Co,Ltd တွင် ၂ နှစ် အလုပ်လုပ်ကိုင်ရန် မြန်မာနိုင်ငံရှိ ပြည်ပအလုပ် အကိုင်အကျိုးဆောင်(ထိုင်း)လိုင်စင်ရအေဂျင်စီ Golden Royal Mandalay Co,Ltd ကတာဝန်ယူစေလွှတ်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ အလုပ်သမားများသည် ရန်ကုန်လေဆိပ်မှတဆင့် လေယာဥ်ဖြင့်ရောက်ရှိလာခဲ့ကြကာ ကော့သောင်းနယ်စပ်ဂိတ်တွင် လိုအပ်သည့်စစ် ဆေးမှုများခံယူပြီးနောက် စက်လှေများဖြင့် ရနောင်းမြို့သို့ ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။

ကော့သောင်းခရိုင် အလုပ်သမားညွှန်ကြားမှုဦးစီး ဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန် ကြီးဌာန ကော့သောင်းခရိုင်ရုံးနှင့်တာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အလားတူ Chocksamut Marine Co,Ltd တာဝန် ရှိသူများက မြန်မာ MoU အလုပ်သမားများအား ၎င်းတို့အလုပ်လုပ်ကိုင်ရမည့်နေရာသို့ စနစ်တကျဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here