သြဂုတ် တတိယ ၁၀ ရက်ပတ်အတွင်း ရန်ကုန် တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ မိုးထစ် ချုန်းရွာနိုင်ဟု မိုးဇလထုတ်ပြန်

0
209

သြဂုတ် တတိယ ၁၀ ရက်ပတ်အတွင်း ရန်ကုန် တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ မိုးထစ် ချုန်းရွာနိုင်ဟု မိုးဇလထုတ်ပြန်

မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သြဂုတ် တတိယ ၁၀ ရက်ပတ်(သြဂုတ် ၂၁ ရက်မှ ၃၁ ရက်အထိ)တိုင်းထွာရရှိချက်များအား အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မိုးဇလ၏ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ် အော်တွင် လေဖိအားနည်းရပ်ဝန်း ၁ ကြိမ်ဖြစ်ပေါ်ကာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

ထို့ကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်အရှေ့ပိုင်း)တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊တနင်္သာရီတိုင်း၊ရခိုင် ပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်သည်ဟု ထုတ်ပြန်ခဲ့သည်။

အလားတူ နေပြည်တော်၊စစ်ကိုင်းတိုင်း၊မန္တလေး တိုင်း၊မကွေးတိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ် (တောင်ပိုင်း)၊ချင်းပြည်နယ်နှင့်ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်သည်ဟု မိုးဇလကခန့်မှန်းထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ပဲခူးတိုင်း(အ ရှေ့ပိုင်း)၊ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊တနင်္သာရီ တိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊က ရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် ၇ ရက်မှ ၉ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်သည်ဟု မိုးဇလကခန့်မှန်းထားသည်။

ထို့အတူ နေပြည်တော်၊စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊မန္တလေးတိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်း(အ နောက်ပိုင်း)၊ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့်က ယားပြည်နယ်တို့တွင်လည်း ၄ ရက်မှ ၆ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်သည်ဟု မိုးဇလကခန့်မှန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here