မင်္ဂလာဒုံမြို့နယ်ရှိရေလှောင်ကန်ကြီး၏‌ ရေသိုလှောင်မှုအခြေအနေအား ရန်ကုန်မြို့တော်ဝန်သွား ရောက်ကြည့်ရှု

0
205

မင်္ဂလာဒုံမြို့နယ်ရှိရေလှောင်ကန်ကြီး၏‌ ရေသိုလှောင်မှုအခြေအနေအား ရန်ကုန်မြို့တော်ဝန်သွား ရောက်ကြည့်ရှု

ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးသည် သြဂုတ် ၂၁ ရက်(ယနေ့)နံနက် ၇ နာရီက မင်္ဂလာဒုံမြို့နယ် အင် ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) လှော်ကားရေ လှောင်ကန်၏ ရေသိုလှောင်မှုအခြေအနေများအား သွားရောက်ကြည့်ရှု့ခဲ့သည်။

အဆိုပါ လှော်ကားရေလှောင်ကန်၏ အမြင့်ဆုံးကန်ရေချိန်သည် ၆၂ ပေဖြစ်ကာ ရက်ပိုင်းအတွင်းက မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် လက်ရှိအချိန်တွင် ၅၉ ပေအထိရောက်ရှိလာခဲ့ကြောင်း သိရသည်။

မြို့တော်ဝန်သည် လှော်ကားရေလှောင်ကန်အပြင် အခြားကန်များ၊ ရေတွန်းစက်ရုံတို့ကိုလည်း သွား ရောက်ကြည့်ရှုခဲ့ပြီးနောက် လိုအပ်ချက်များအား မှာကြားခဲ့သည်။

ထို့နောက် ရန်ကုန်မြို့တော်ဝန်သည် အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)၏ မိုးရာသီချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ဖြစ်သည့် ဂျိုးဖြူရေလှောင်ကန်အသင်းနှင့်လဂွန်းပြင်ရေသန့်စင်စက်ရုံအသင်းတို့ ယှဉ်ပြိုင်ကစားမှုအား ကြည့်ရှုအားပေးခဲ့သည်။

“ရန်ကုန်မြို့က ပြည်သူတွေအတွက်ရေပေးဝေရေး၊မြို့တော်စိမ်းလန်းစိုပြည်ရေးနဲ့သန့်ရှင်းရေး၊လမ်းတွေကောင်းမွန်ရေးအတွက် ဆောင်ရွက်နေရတဲ့ ဌာနကြီးတွေထဲက အင်ဂျင်နီယာဌာ(ရေနှင့်သန့်ရှင်းမှု)ဟာ နေ့စဉ် ရေပေးဝေရေးကိုဆောင် ရွက်နေရတာကြောင့် ရေအကျိုး(၁၀)ပါးမတောင်းပဲရရှိတဲ့ ဌာနဖြစ်ပါတယ်”ဟု မြို့တော်ဝန်ဦးဗိုလ်ဌေးကပြောသည်။

ထို့နောက် မြို့တော်ဝန်က ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲတစ်လျောက်အကောင်းဆုံး ဆုရရှိသူများ၊ ပထမဆုရရှိသည့် လဂွန်းပြင်ရေသန့်စင်စက်ရုံနှင့် ဒုတိယဆုရရှိသည့် ဂျိုးဖြူရေလှောင်ကန်အသင်းတို့အား ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့ပြင် မင်္ဂလာဒုံမြို့နယ်၊ခရေပင်လမ်းရှိ တပ်မ တော်ဆေးတက္ကသိုလ်နှင့်အမှတ်(၁)တပ်မတော်ဆေးရုံကြီးကြား မင်္ဂလာကန်တော်ရှိ စိမ်းလန်းစိုပြည်ရေးနှင့်မြေယာရှုခင်းဆောင်ရွက်နေမှုတို့ ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နားစခန်းရှေ့တွင် အ ရှည်ပေ ၂၀၀၀၊ အကျယ် ၁၀၂ ပေ သဲဖို့တိုးချဲ့ ခင်းကျင်းနေမှုတို့ကိုလည်း ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here