မရမ်းကုန်းမြို့နယ်တွင် တရားမဝင်သွယ်တန်းထားသည့် ဖိုက်ဘာကေဘယ်ကြိုးများနှင့်ဝိုင်ဖိုင်ကြိုးများကို ဖယ်ရှားရှင်းလင်း

0
300

မရမ်းကုန်းမြို့နယ်တွင် တရားမဝင်သွယ်တန်းထားသည့် ဖိုက်ဘာကေဘယ်ကြိုးများနှင့်ဝိုင်ဖိုင်ကြိုးများကို ဖယ်ရှားရှင်းလင်း

ရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ်၊မင်းဓမ္မလမ်းပေါ်ရှိ YESC ပိုင် ဓာတ်အားလိုင်းတိုင်များပေါ်တွင် တရားမဝင်သွယ်တန်းထားသည့် ဖိုက်ဘာကေဘယ်ကြိုးများနှင့်ဝိုင်ဖိုင်ကြိုးများအား သြဂုတ် ၂၀ ရက်က ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။

တရားမဝင်သွယ်တန်းထားမှုများအား ၂၀၂၁ ခုနှစ်၊နိုဝင်ဘာ ၃၀ ရက် နောက်ဆုံးထား၍ မိမိအစီအစဉ်ဖြင့်ဖယ်ရှားရန် ကြေညာထားပြီးနောက် ဖယ်ရှားခြင်းမရှိသည့် ဖိုင်ဘာကေဘယ်ကြိုးများနှင့်ဝိုင်ဖိုင်ကြိုးများအား ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

YESC အနောက်ပိုင်းခရိုင်၊မရမ်းကုန်းမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှဝန်ထမ်းများနှင့်တရားဝင်ခွင့်ပြုထားသည့် ဆက်သွယ်ရေးကုမ္ပဏီများမှ ဝန် ထမ်းများက ဖယ်ရှားရှင်းလင်းခဲ့ကြခြင်းဖြစ်သည်။

YESC မှတရားမဝင်ဆက်လက်သွယ်တန်းထားသည့် ဖိုက်ဘာကေဘယ်ကြိုးများနှင့်ဝိုင်ဖိုင်ကြိုးများအား စစ်ဆေးဖော်ထုတ်၍ ဖယ်ရှားရှင်းလင်းမှုများအား ပြုလုပ်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here