ကော့ကရိတ်မြို့နယ်ရှိ ဓာတ်အားပေးတာဝါတိုင် ၂ ခုမိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခံရ၍ ကရင်ပြည်နယ်ရှိ မြို့ နယ် ၄ ခုတွင် ဓာတ်အားပြတ်တောက်နေ

0
242

ကော့ကရိတ်မြို့နယ်ရှိ ဓာတ်အားပေးတာဝါတိုင် ၂ ခုမိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခံရ၍ ကရင်ပြည်နယ်ရှိ မြို့ နယ် ၄ ခုတွင် ဓာတ်အားပြတ်တောက်နေ

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်၊ကော့နွဲ့ကျေးရွာအနီးရှိ ဓာတ်အားပေးတာဝါတိုင် ၂ ခုသည် ဩဂုတ် ၂၀ ရက်ညပိုင်းက မိုင်ထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် ပြည်နယ်အတွင်းမှ မြို့နယ် ၄ ခုတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်လျက်ရှိသည်ဟု သိရသည်။

ယင်းနေ့ည ၁၁ နာရီခန့်တွင် လက်နက်ကိုင်အဖွဲ့ဝင်များက ကော့နွဲ့ကျေးရွာအနီးရှိ မော်လမြိုင်-မြဝတီဓာတ်အားလိုင်း ၂၃၀ ကေဗွီတာဝါတိုင်အမှတ် ၁၇၂ နှင့်တာဝါတိုင်အမှတ် ၁၇၃ တို့အား မိုင်ထောင်ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။


ထို့ကြောင့် တာဝါတိုင်အမှတ် ၁၇၂ တွင် အောက်ခြေတိုင် ၁ တိုင်ပျက်စီးခဲ့ပြီး တာဝါတိုင်အမှတ် ၁၇၃ မှာမြေပေါ်သို့ လဲကျပျက်စီးခဲ့သဖြင့် ကျုံဒိုးမြို့၊ကော့ကရိတ်မြို့၊မြဝတီမြို့နှင့်ကြာအင်းဆိပ်ကြီးမြို့တို့တွင် ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်လျက်ရှိသည်ဟု သိရသည်။

အဆိုပါ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ပျက်ဆီးသွားသည့် တာဝါတိုင် ၂ ခုအား သက်ဆိုင်ရာဌာနက ပြန်လည်ပြင်ဆင်ရန်ဆောင်ရွက်လျက်ရှိကာ လုံခြုံရေးအဖွဲ့ဝင်များကလည်း လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here