မိုးညှင်းမြို့တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်းတစ်ဦး အပါအဝင် အမျိုးသား ၃ ဦး၏ နေအိမ်နှင့်ဆိုင်များချိတ်ပိတ်ခံရ

0
158

မိုးညှင်းမြို့တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်းတစ်ဦး အပါအဝင် အမျိုးသား ၃ ဦး၏ နေအိမ်နှင့်ဆိုင်များချိတ်ပိတ်ခံရ

ကချင်ပြည်နယ်၊မိုးညှင်းမြို့တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်းတစ်ဦး၏ နေအိမ်နှင့်အမျိုးသား ၂ ဦးတို့၏ နေအိမ်နှင့်ဆိုင်များ သြဂုတ် ၁၉ ရက်က ချိတ်ပိတ်ခံခဲ့ရသည်ဟု သိရသည်။

မိုးညှင်းမြို့၊နမ်းခမ်းရပ်ကွက်နေ အမျိုးသားလွှတ် တော်ကိုယ်စားလှယ်ဟောင်းဦးမင်းဆွေနိုင်၏ နေအိမ်အား လုံခြုံရေးအဖွဲ့ဝင်များနှင့်မြို့နယ်တာဝန် ရှိသူများက လာရောက်ချိတ်ပိတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အလားတူ မိုးညှင်းမြို့တွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၂ ဦးဖြစ်သည့် နောင်စွန်းရပ်ကွက်တွင် ကိုဝေယံကျော်ပိုင်ဆိုင်သည့် Life Cafe ဆိုင်၊ နားခါမြောက်ရပ်ကွက်၌ ကိုကျော်ခိုင်စိုး ပိုင်ဆိုင်သည့် ကြယ်စင်စတိုးဆိုင် တို့လည်းချိတ်ပိတ်ခံခဲ့ရသည်။

ထိုသို့ ချိတ်ပိတ်ရခြင်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ယာယီချိတ်ပိတ်ထားခြင်းဖြစ်၍ ကျူးကျော်ဝင်ရောက်ခြင်း၊ရောင်းချခြင်း၊လွှဲပြောင်းခြင်း၊ပေါင်နှံခြင်းမပြုလုပ်ရန် ဗီနိုင်းများချိတ်ဆွဲခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here