ဂျပန်သည် တရုတ်ရန်ကို တန်ပြန်ရန် တာဝေးပစ် ဒုံးကျည်များ ဖြန့်ကျက်တပ်ဆင်ရန် စဉ်းစားနေ

0
208

ဂျပန်သည် တရုတ်ရန်ကို တန်ပြန်ရန် တာဝေးပစ် ဒုံးကျည်များ ဖြန့်ကျက်တပ်ဆင်ရန် စဉ်းစားနေ

တိုကျို၊ ဩဂုတ် ၂၂

ဂျပန်နိုင်ငံသည် တရုတ်နိုင်ငံအပေါ် ၎င်း၏တန်ပြန်တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ရန်အတွက် တာာဝေးပစ် ခရုစ်ဒုံးကျည်အစင်း တစ်ထောင်ကို ဖြန့်ကျက်တပ်ဆင်သွားရန် စဉ်းစားလျက်ရှိကြောင်း ယိုမီအုရီ သတင်းစာက ဩဂုတ်လ ၂၁ ရက် တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။

အဆိုပါ ဒုံးကျည်များ၏ ပစ်ခတ်နိုင်သော အကွာအဝေးကို ကီလိုမီတာ တစ်ရာ (၆၂ မိုင်)မှ ကီလိုမီတာ တစ်ထောင်အထိ ရောက်ရှိနိုင်ရန် ရှိရင်းစွဲ လက်နက်များကိုအဆင့်မြှင့်မည် ဖြစ်ကြောင်း အစိုးရသတင်းရင်းမြစ်များကို ကိုးကား၍ သတင်းစာ ဖော်ပြထားသည်။

သင်္ဘော သို့မဟုတ် လေယာဉ်မှပစ်လွှတ်နိုင်သော အဆိုပါ ဒုံးကျည်များကို တောင်ပိုင်း နန်ဆဲ ကျွန်းများအနီးနားတွင် အဓိကနေရာချသွားမည်ဖြစ်ပြီး ထို ဒုံးကျည်များသည် မြောက်ကိုရီးယားနှင့် တရုတ်နိုင်ငံ၏ ကမ်းရိုးတန်းဧရိယားများအထိ ရောက်ရှိနိုင်ကြောင်း ယိုမီအုရီက ပြောကြားခဲ့သည်။

ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များသည် အဆိုပါ သတင်းနှင့် ပတ်သက်၍ လတ်တလော မှတ်ချက်ပေးခြင်း မရှိပေ။

စစ်ပြီးခေတ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အမိမြေကာကွယ်ရေးအတွက်သာ စစ်တပ်ကို အသုံးပြုနိုင်မည့် ဂျပန်နိုင်ငံသည် မကြာသေးမီနှစ်များအတွင်း ၎င်း၏ စစ်ဖက်အသုံးစရိတ်ကို မြှင့်တင်လာခဲ့ပြီး မိမိကိုယ်မိမိသာ ပို၍ယုံကြည်အားကိုးသော မဟာဗျူဟာတစ်ရပ်ကို ဖော်ဆောင်လာခဲ့သည်။

သို့ရာတွင် ဂျပန်သည် ပြည်ပမြေပေါ်ရှိ ပစ်မှတ်များကို တိုက်ခိုက်နိုင်သည့် လက်နက်များဖြစ်သော တာ‌ဝေးပစ်ဒုံးကျည်များအား ဖြန့်ကျက်တပ်ဆင်ခြင်းကိုမူ ရှောင်ရှားခဲ့သည်။

အမေရိကန်လွှတ်တော်ဥက္ကဌ နန်စီ ပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်အပြီး ပစိဖိတ်ဒေသအတွင်း တင်းမာမှုများ မြင့်တက်လာခဲ့သည်။ ပေကျင်းသည် စစ်ရေးလေ့ကျင့်စဉ် ဒုံးကျည်များပစ်လွှတ်ခဲ့ရာ ထိုင်ဝမ်အနီးတစ်ဝိုက်နှင့် ဂျပန်နိုင်ငံ၏ သီးသန့်စီးပွားရေးဇုန်အတွင်းသို့ ကျရောက်မှုများရှိခဲ့သည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here