အမေရိကန် CDC က Novavax’s ကိုဗစ်ဆေးကို ဆယ်ကျော်သက်များပါ ထိုးနိုင်ကြောင်းဆို

0
214

အမေရိကန် CDC က Novavax’s ကိုဗစ်ဆေးကို ဆယ်ကျော်သက်များပါ ထိုးနိုင်ကြောင်းဆို

အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (CDC) သည်လူပျိုပေါက် အပျိုပေါက် ဆယ်ကျော်သက်များအတွက် Novavax ကိုဗစ်ကာကွယ်ဆေးကို အသုံးပြုနိုင်ကြောင်းဩဂုတ် ၂၂ ရက် တနင်္လာနေ့က လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါအကြံပြုချက်သည် ပြီးခဲ့သည့်အပတ်က အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး၏ ခွင့်ပြုချက်အတိုင်း လုပ်ဆောင်ခြင်းဖြစ်သည်။

ပရိုတိန်းကိုအခြေခံပြုလုပ်ထားပြီး တရားဝင်အသုံးပြုရန် ခွင့်ပြုချက်ရရှိထားသော ယခုကာကွယ်ဆေးသည် အမေရိကန်ပြည်ထောင်စုရှိ အရွယ်ရောက်ပြီးသူများကြားတွင် အသုံးပြုရန်အတွက် ဇူလိုင်လကအသုံးပြုခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း Novavax သည် ယခုလအစောပိုင်းက ၎င်း၏တစ်နှစ်တာဝင်ငွေခန့်မှန်းချက်ကို ထက်ဝက်လျှော့ချခဲ့ပြီး ယခုနှစ်၌ အမေရိကတွင် ၎င်း၏ကိုဗစ်ဆေး ရောင်းချမှုကို ထပ်မံရောင်းချရန် မမျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။

ကုမ္ပဏီက ၎င်းသည်အ‌မေရိကဈေးကွက်ထဲဝင်ရောက်ရန် နောက်ကျနေပြီဟု ပြောကြားခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေး ထောက်ပံ့မှုတွင် ဝယ်လိုအားလျော့သွားကြောင်းထောက်ပြခဲ့သည်။

ယခုအချိန်အထိ အမေရိကန်ပြည်ထောင်စုတွင် Novavax ကာကွယ်ဆေးအလုံးရေ ၁၁,၉၉၀ လုံးကို အသုံးပြုထိုးနှံထားပြီးဖြစ်ကြောင်း အစိုးရ၏နောက်ဆုံးအချက်အလက်များအရသိရသည်။

Source – Reuters/ec


LEAVE A REPLY

Please enter your comment!
Please enter your name here