ဆောမြို့တွင် လက်နက်ကိုင်အဖွဲ့ဝင်များက အ ရပ်သားပြည်သူ ၆ ဦးအား သေနတ်ဖြင့်ပစ်သတ် ၍ ကား ၂ စီးအားလုယက်ယူဆောင်သွားဟု နစက ထုတ်ပြန်

0
274

ဆောမြို့တွင် လက်နက်ကိုင်အဖွဲ့ဝင်များက အ ရပ်သားပြည်သူ ၆ ဦးအား သေနတ်ဖြင့်ပစ်သတ် ၍ ကား ၂ စီးအားလုယက်ယူဆောင်သွားဟု နစက ထုတ်ပြန်

မကွေးတိုင်း၊ဆောမြို့၊ဇေယျာရပ်ကွက်တွင် လက် နက်ကိုင်အဖွဲ့ဝင်များက သြဂုတ် ၂၁ ရက်ညပိုင်းတွင် နေအိမ်တစ်လုံးအတွင်းသို့ဝင်ရောက်၍ အ ရပ်သားပြည်သူ ၆ ဦးအား သေနတ်ဖြင့်ပစ်သတ်ကာ ကား ၂ စီးအားလုယက်ယူဆောင်သွားခဲ့ကြသည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ယင်းနေ့ည ၉ နာရီခွဲခန့်က လက်နက်ကိုင်အဖွဲ့ဝင် ၁၅ ဦးခန့်သည် ဇေယျာရပ်ကွက်နေ ဦးခင်မောင်လင်း၏ နေအိမ်ခြံဝင်းအတွင်းသို့ရောက်ရှိလာပြီးနောက် သေနတ်များဖြင့်ပစ်ခတ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် နေအိမ်ပေါ်၌ TV ကြည့်နေသူများအနက် ဦးခင်မောင်လင်း၊ဇနီးဖြစ်သူဒေါ်ယဉ်ဝေ၊မခင်မာသက်၊မသက်သက်အေး၊ဦးဇော်ဌေးနှင့်တစ်ရပ်ကွက်တည်းနေ ဦးအောင်သိန်းဝင်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်း ဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အလားတူ တစ်ရပ်ကွက်တည်းနေ ဦးခင်မောင်ကြည်တွင်လည်း ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

အဆိုပါ လက်နက်ကိုင်အဖွဲ့ဝင်များသည် သေနတ်များဖြင့်ပစ်ခတ်ပြီးနောက် ခြံဝင်းအတွင်းရှိ Faw ကား ၁ စီးနှင့် Light Truck ကား ၁ စီးတို့အား လုယက်ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here