ဒေသတွင်းအင်အားကြီးနိုင်ငံများကြား တင်းမာမှုများမြင့်တက်လာချိန်တွင် အာရှ-ပစိဖိတ်ဒေသ၏ နိုင်ငံရေးနှင့်လုံခြုံရေးဆိုင်ရာအခြေအနေများအား ဒုတိယအမြဲတမ်းအတွင်းဝန် ဦးထက်အောင် ဆွေးနွေး

0
220
ဒေသတွင်းအင်အားကြီးနိုင်ငံများကြား တင်းမာမှုများမြင့်တက်လာချိန်တွင် အာရှ-ပစိဖိတ်ဒေသ၏ နိုင်ငံရေးနှင့်လုံခြုံရေးဆိုင်ရာအခြေအနေများအား ဒုတိယအမြဲတမ်းအတွင်းဝန် ဦးထက်အောင် ဆွေးနွေး
ဒုတိယအကြိမ် အာဆီယံ-ရုရှားလုံခြုံရေးဆိုင်ရာအဆင့်မြင့်ကိုယ်စားလှယ်များ ရုပ်သံဆွေးနွေးပွဲအား သြဂုတ် ၂၂ ရက်က Video Conferencing ဖြင့်ကျင်းပရာ မြန်မာနိုင်ငံကိုယ်စားလှယ် ပြည် ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁)ဒုတိယအမြဲ တမ်းအတွင်းဝန်ဦးထက်အောင်ကဆွေးနွေးခဲ့ခြင်းဖြစ်သည်။
အလားတူ ဒုတိယအမြဲတမ်းအတွင်းဝန်ဦးထက်အောင်က မဟာဗျူဟာမြောက်တည်ငြိမ်အေး ချမ်းရေး အပါအဝင် အာရှ-ပစိဖိတ်ဒေသ လုံခြုံ ရေးအပေါ် သက်ရောက်မှုများကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။
ဆွေးနွေးပွဲတွင် အာဆီယံ-ရုရှားဆွေးနွေးပွဲအ တွက် ညှိနှိုင်းရေးတာဝန်ခံ ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၊သုတေသနနှင့် ထောက် လှမ်းရေးဆိုင်ရာအထွေထွေဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်ရုရှားနိုင်ငံ၊လုံခြုံရေးကောင်စီအတွင်းရေးမှူးတို့က အမှာစကားများပြောကြားခဲ့ကြသည်။
ထို့နောက် ဆွေးနွေးပွဲသို့တက်ရောက်လာသည့် ရုရှားနိုင်ငံနှင့်အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများက အာရှ-ပစိဖိတ်ဒေသအတွင်း နိုင်ငံရေးနှင့်လုံခြုံရေးဆိုင်ရာအခြေအနေများအား တစ်နိုင်ငံချင်းအလိုက် ဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့နောက် ရုရှားနိုင်ငံ၊လုံခြုံရေးကောင်စီအတွင်း ရေးမှူးနှင့်ညှိနှိုင်းရေးတာဝန်ခံ ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၊သုတေသနနှင့်ထောက် လှမ်းရေးဆိုင်ရာအထွေထွေဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်တို့က နိဂုံးချုပ်အမှာစကားများပြောကြားခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here