နောက်ဆုံးအကြိမ်အဖြစ် သင်ရိုးဟောင်း တက္က သိုလ်ဝင်စာမေးပွဲဖြေဆိုမည့်သူများ စက်တင်ဘာ ၁ ရက်မှစတင်၍ ဖြေဆိုခွင့်လျှောက်ထားနိုင်

0
315

နောက်ဆုံးအကြိမ်အဖြစ် သင်ရိုးဟောင်း တက္က သိုလ်ဝင်စာမေးပွဲဖြေဆိုမည့်သူများ စက်တင်ဘာ ၁ ရက်မှစတင်၍ ဖြေဆိုခွင့်လျှောက်ထားနိုင်

တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးသူများနှင့်အ ကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်ဖြေဆိုခြင်း မရှိသည့် ကျောင်းသား၊ကျောင်းသူများအတွက် နောက်ဆုံးအကြိမ်အဖြစ် စနစ်ဟောင်း၊သင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲအား ၂၀၂၃ ခုနှစ်တွင်ကျင်းပသွားမည်ဟု ပညာရေးဝန်ကြီးဌာန၊မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက သြဂုတ် ၂၃ ရက် (ယနေ့)တွင် အသိပေးထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ၂၀၂၃ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများအား စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အတွင်း လျှောက်ထားရမည်ဖြစ်ပြီး တစ်ဦးလျှင် ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်း ၇ဝဝ ကျပ်နှင့်လျှောက်လွှာတစ်စောင် ၂၀ဝ ကျပ်(စုစုပေါင်း ၉ဝဝ ကျပ်ကုန်ကျမည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့ပြင် လျှောက်လွှာတင်သွင်းရာ၌ ဘာသာတွဲ အမှတ်စဉ် (၁)၊ (၅)၊ (၆)၊ (၇)၊ (၈) များဖြင့်ဖြေဆိုမည့်သူများသည် အစိမ်းရောင်ဝင်ခွင့်လျှောက် လွှာနှင့်ကတ်ပြားပုံစံ၊ ဘာသာတွဲအမှတ်စဉ် (၂)၊ (၃)၊ (၄) များဖြင့် ဖြေဆိုမည့်သူများသည် ပန်း ရောင်ဝင်ခွင့်လျှောက်လွှာနှင့်ကတ်ပြားပုံစံတို့ဖြင့် တင်သွင်းရမည်ဖြစ်သည်။

အလားတူ အ.ထ.က ကျောင်းများ၊ကျောင်းခွဲများ၊တွဲဖက်ကျောင်းများနှင့်ကိုယ်ပိုင် အ.ထ.ကကျောင်းများမှ ဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့် ကျောင်းသား၊ကျောင်းသူများ၏ စာမေးပွဲဝင်ကြေးအတွက် ကျောင်းအုပ်ကြီးများသည် စာ မေးပွဲဝင်ကြေး ၇၀ဝ ကျပ်တန် ငွေသွင်းတံဆိပ် ခေါင်းများဝယ်ယူပြီး၊ လျှောက်လွှာတစ်စောင်ချင်း၌ကပ်၍ စုပေါင်းပြီး မြန်မာနိုင်ငံစာစစ် ဦးစီး ဌာနသို့ သတ်မှတ်ရက်အမီ တင်သွင်းရမည် ဖြစ် သည်။

ထို့အတူ ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများသည် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် စာမေးပွဲဝင်ကြေး ၇၀ဝ ကျပ်တန်ငွေသွင်းတံဆိပ်ခေါင်းများဝယ်ယူပြီး ဝင်ခွင့် လျှောက်လွှာ၏ လက်ဝဲဘက်ထိပ်ပိုင်းတွင်ကပ်၍ မိမိတို့ အမှန်တကယ်နေထိုင်သည့် မြို့နယ်ပညာ ရေးမှူးရုံး၌ သတ်မှတ်ရက်များအတွင်း တင်သွင်းရမည်ဖြစ်သည်။

ထို့ပြင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများသည် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာပုံစံ၌ မိဘအမည်၊မွေးသက္က ရာဇ်များအား ကျောင်းဝင်(ခ)စာရင်းအတိုင်း မှန် ကန်စွာဖြည့်စွက်ရမည်ဖြစ်သည်။

အလားတူ စာဖြေသူတင်သွင်းသည့် စာမေးပွဲဝင်ခွင့်လျှောက်လွှာနှင့်ကတ်ပြားတွင်ပါရှိသည့် ဘာ သာတွဲမှအပ အခြားဘာသာတွဲသို့ပြောင်းလဲဖြေဆိုခွင့်ပြုမည်မဟုတ်၍ မိမိဖြေဆိုမည့် ဘာသာတွဲအလိုက် ပုံစံများကိုမှန်ကန်မှု ရှိ၊မရှိ သေချာစွာစစ် ဆေးပြီး သတ်မှတ်ရက်အတွင်း အချိန်မီပေးပို့ရမည်ဖြစ်သည်။

တက္ကသိုလ်ဝင်စာမေးပွဲဝင်ခွင့်လျှောက်လွှာပုံစံများနှင့်ငွေသွင်းတံဆိပ်ခေါင်းများအား မြန်မာနိုင် ငံစာစစ်ဦးစီးဌာနရုံးချုပ်၊ရုံးအမှတ်(၅၂)၊နေပြည် တော်နှင့်ရန်ကုန်မြို့၊လှိုင်တက္ကသိုလ်နယ်မြေ၊ ၁၂ ရပ်ကွက်၊ပါရမီလမ်းရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတို့၌ ဝယ်ယူနိုင်ကြောင်း သိရသည်။

ပုံစာ – ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုစဉ် ပုံရိပ်များ

 


LEAVE A REPLY

Please enter your comment!
Please enter your name here