စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ပုံစံများအား ကလေးငယ်များ သိရှိနားလည်အောင် သင်ကြားပေးရန်လိုအပ်ဟု နစက ဥက္ကဋ္ဌမှာကြား

0
225

စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ပုံစံများအား ကလေးငယ်များ သိရှိနားလည်အောင် သင်ကြားပေးရန်လိုအပ်ဟု နစက ဥက္ကဋ္ဌမှာကြား

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ သြဂုတ် ၂၂ ရက်က နေပြည်တော်၌ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး(၆/၂၀၂၂)သို့ တက်ရောက်၍ အမှာစကားပြောကြားရာတွင် ပညာရေးနှင့်ပတ်သက်၍ ပြောကြားရာ၌ မှာကြားခဲ့ခြင်းဖြစ်သည်။

ပညာသင်ကြားရေးနှင့်ပတ်သက်၍ အခြေခံပညာ ကျောင်းများနှင့်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများရှိကာ ကျောင်းနေအရွယ်ကလေးများအားလုံး KG + 9 အထိသင်ကြားနိုင်ရန်မျှော် မှန်းဆောင်ရွက်နေသည်ဟု ပြောသည်။

“စာသင်ကျောင်းတွေအားလုံးမှာ စစ်မှန်စည်း ကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ပုံစံတွေကို က လေးငယ်တွေ သိရှိနားလည်အောင် သင်ကြားဆောင်ရွက်ပေးဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။

ယခင် သမ္မတဦးသိန်းစိန်လက်ထက်က ဂျပန်နိုင်ငံနှင့်ပူးပေါင်း၍ ကျောင်းနေအရွယ် ကလေးငယ်များအတွက် ဒီမိုကရေစီသင်ခန်းစာများ သင် ကြားပေးနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ပြီး ယင်း သင်ခန်းစာများအား မြန်မာထုံးတမ်းစဉ်လာများနှင့်ကိုက်ညီအောင်ဆောင်ရွက်၍ စာသင်ကျောင်းများတွင် ဒီမိုကရေစီနှင့်ပတ်သက်သည့် အသိများရှိအောင် ဆောင်ရွက်ပေးရန်လိုသည်ဟု မှာကြားခဲ့သည်။

“ဒီမိုကရေစီလို့ဆိုရာမှာ မိမိတို့နိုင်ငံရဲ့ အမျိုးသားရေးစရိုက်လက္ခဏာနဲ့ယဉ်ကျေးမှုကို ထိခိုက်မှုမရှိစေနိုင်တဲ့ ပညာရေးစနစ်မျိုး ဆောင်ရွက်နိုင်ဖို့လိုပါတယ် ဒီမိုကရေစီနိုင်ငံရေးကို သင်ကြားဖို့မဟုတ်ဘဲ ဒီမိုကရေစီအလေ့အကျင့်ကောင်းတွေကို သင်ကြားပေးနိုင်ရင် ကောင်းမွန်တဲ့ပညာရေးစနစ် တစ်ခုဖြစ်လာမှာပါ”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် စာသင်ကျောင်းများအားလုံးမှ ကျောင်း သား၊ကျောင်းသူများအား ပညာသင်ကြားရာတွင် အတန်းတိုင်း အဆင့်တိုင်း၌ သက်ဆိုင်ရာပညာ ရပ်များကို တတ်ကျွမ်းမှုရှိအောင် သင်ကြားပေး နိုင်ရန်လိုအပ်သည်ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။

အလားတူ ပညာရေးဝန်ထမ်းများအား လစာစရိတ်နှင့်ခံစားခွင့်များပိုမိုပေးအပ်ထားကာ  ဒေသခံများမှလည်း မိမိတို့ဒေသအကျိုးအတွက် ပညာရေးဝန်ထမ်းများအား ကူညီမှုများပေးရန်လိုသည်ဟု ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here