ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက်တို့အား ပုဒ်မ ၅၀၅ ​ကြေငြာပြီး တနှစ်ငါးလအကြာတွင် နေအိမ်ကို နစက ချိတ်ပိတ်သိမ်းဆည်း

0
872

ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက်တို့အား ပုဒ်မ ၅၀၅ ​ကြေငြာပြီး တနှစ်ငါးလအကြာတွင် နေအိမ်ကို နစက ချိတ်ပိတ်သိမ်းဆည်း

နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ခင်ဖေ(ခ) ဒေါ်ရွှေဇီးကွက် တို့၏ မရမ်းကုန်းမြို့နယ်ရှိ နေအိမ်ကို နစကက ချိတ်ပိတ်သိမ်း ဆည်း လိုက်ကြောင်းသိရသည်။

ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ကာ ဖမ်းဝရမ်း ထုတ်ခံထားရသ ည့်  ဦးကျော်သူနှင့် ဇနီးဖြစ်သူ၏ နေအိမ်အား ချိတ်ပိတ် သိမ်းဆည်းရန် မရမ်းကုန်းမြိုနယ် တရားရုံးမှ တရားသူ ကြီး ဒေါ်ခင်သူဟန်က လက်မှတ်ရေးထိုး ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း ထွက်ပေါ်နေသည့် အမိန့်ထုတ်ပြန်စာအရ သိရသည်။

အဆိုပါ အမိန့်စာသည် ဇူလိုင်လ ၂၅ ရက် ရက်စွဲဖြင့် ထု တ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ ၂၅ ရက် တွင် လာရောက် ထုချေရန်လည်း ဆင့်ခေါ်ထားသည်ကို တွေ့ရသည်။

မရမ်းကုန်းမြို့နယ်၊ (၅) ရပ်ကွက်၊ အာဇာနည်လမ်း၊ အ မှတ် (၆၆) ရှိ နေအိမ်ကို နစကမှ ချိတ်ပိတ် သိမ်းဆည်း လိုက်ကြောင်း သတင်း ထွက်ပေါ်နေသော်လည်း မည်သည့်အချိန်က ယင်းကဲ့သို့လုပ်ဆောင်ခဲ့သည်ကို သီးခြားအတည်ပြု၍ မရပေ။

ဦးကျော်သူနှင့် ဇနီးဖြစ်သူတို့အား CDM များကို ‌ငွေကြေးထောက်ပံ့မှုများ ရှိခဲ့သည်ဟုဆိုကာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လ (၉) ရက်တွင် နိုင်ငံပိုင် သတင်းစာက ကြေညာပြီး ၎င်းတို့အား ပုဒ်မ ၅၀၅ ဖြင့် အမှု့ဖွင့်ကာ ဖမ်းဝရမ်း ထုတ်ထားခြင်း ဖြစ်သည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here