တောင်သူများ ဓာတ်မြေဩဇာကို ဈေးနှုန်းချိုသာစွာ ဝယ်ယူအသုံးပြုနိုင်ရန် အစိုးရက ဓာတ်မြေဩဇာများ တင်သွင်းရန် စီစဉ်နေ

0
443

တောင်သူများ ဓာတ်မြေဩဇာကို ဈေးနှုန်းချိုသာစွာ ဝယ်ယူအသုံးပြုနိုင်ရန် အစိုးရက ဓာတ်မြေဩဇာများ တင်သွင်းရန် စီစဉ်နေ

စိုက်ပျိုးရေးကဏ္ဍတွင် အသုံးပြုမည့် ဓာတ်မြေဩဇာများကို အချိန်မီ တင်သွင်းနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားရန် သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြား လိုက်သည်။

ဩဂုတ်လ (၂၃) ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးဦး ဆောင်ကော်မတီ ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင် စုဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဓာတ် မြေဩဇာများ ပြည်ပမှတင်သွင်းနိုင်ရေးအတွက် နိုင်ငံ ခြား သုံးငွေကြီးကြပ်မှုကော်မတီနှင့် စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ကို ထောက်ခံပေးလျ က်ရှိပြီး မေ ၁၁ ရက်မှ ဩဂုတ် ၁၂ ရက်အထိ ယူရီး ယား တန်ချိန် ၃၄၉,၀၅၅ တန်နှင့် ကွန်ပေါင်းတန်ချိန် ၄၇၅,၂၁၅ တန်တို့ကို ထောက်ခံပေးထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိအချိန်ထိ တင်သွင်းပြီး တန်ချိန် ၁၇၇, ၀၀၀ ခန့်ရှိပြီး ဖြန့်ဖြူးရောင်းချမှုအနေဖြင့် တန်ချိန် ၁၁၅, ၀၀၀ ခန့် ရောင်းချပြီးဖြစ်ကြောင်းနှင့် တင်သွင်းရန်ကျန်ရှိနေသော မြေဩဇာများအား အချိန်မီတင်သွင်းနိုင်ရေး စီစဉ်ဆော င်ရွက်ကြရမည်ဖြစ်ပါကြောင်းလည်း ထည့်သွင်းပြောကြားသွားကြောင်း သိရသည်။

ထို့ပြင် အကျိုးတူလယ်ယာစနစ် (Contract Farming) စနစ်ဆောင်ရွက်မည့် ပဲတီစိမ်းနှင့် နွေစပါးစိုက်တောင်သူများ၊ နေကြာနှင့် အခြားသီးနှံစိုက်ပျိုးသော တောင်သူများအား သွင်းအားစုများ ပံ့ပိုးပေးနိုင်ရန်အတွက် လိုအပ်မှုနှင့် လက်ရှိအခြေအနေ၊ ထပ်မံဝယ်ယူရမည့် တန်ချိန်များကို တွက်ချက်ပြီး လက်ဝယ်ရောက်ရှိသင့်သည့်ကာလနှင့် အချိန်ကိုက်ဖြစ်စေရေး ကြိုတင်စီစဉ် ဆောင်ရွက်ထားရန်လည်း မှာကြားခဲ့ကြောငခး သိရသည်။

နွေစပါးနှင့် ဆောင်းသီးနှံအတွက် လိုအပ်သော ဓာတ်မြေ ဩဇာများ အမြန်တင်သွင်းနိုင်ရန်၊ တောင်သူများ၏ စိုက် ပျိုးရေးလုပ်ငန်းများတွင် သတ်မှတ်ချိန်အမီသုံးစွဲနိုင်ရန်၊ နေကြာစိုက် တောင်သူများကို လာမည့် အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် ပံ့ပိုးပေးနိုင်ရန်တို့အတွက် ဆောင်ညရွက်မည့်အစီအစဉ်များ ပြန်လည်ဆွေးနွေးတင်ပြပေးရန်လည်း ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးက မှာခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here