မြိတ်မြို့တွင် ရာအိမ်မှူးတစ်ဦး ဘေးတွဲဆိုင်ကယ် ဆွဲနေစဉ် သေနတ်ဖြင့် ပစ်သတ်ခံရ၊ တစ်ပတ်အတွင်း ပစ်ခတ်ခံရမှုကြောင့် ရာအိမ်မှူး (၂) ဦး သေဆုံး

0
173

မြိတ်မြို့တွင် ရာအိမ်မှူးတစ်ဦး ဘေးတွဲဆိုင်ကယ် ဆွဲနေစဉ် သေနတ်ဖြင့် ပစ်သတ်ခံရ၊ တစ်ပတ်အတွင်း ပစ်ခတ်ခံရမှုကြောင့် ရာအိမ်မှူး (၂) ဦး သေဆုံး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ယမန်နေ့ ညနေပိုင်းက ရာအိမ်မှူး တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေ ဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ ဩဂုတ်လ (၂၃) ရက် ညနေ (၃) နာရီဝန်းကျင် ကမ်းသာယာရွာရှိ MFD ကုမ္ပဏီ အနီးတွင် သုံးဘီးဆိုင်ကယ်မောင်းနေသည့် ရာအိမ်မှူး ဦးသန်းဦး ဆိုသူကို ဒေသကာကွယ်ရေးအဖွဲ့‌များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

” သူက ကန်ကြီး ရပ်ကွက်မှာနေတဲ့ ရာအိမ်မှူးပေါ့။ ဆိုင်ကယ်ဘေးတွဲ မောင်းတယ်။ မနေ့က ကယ်ရီလိုက်နေတုန်း PDF တွေ ပစ်သွားတာ။ ညနေ (၃) နာရီလောက်ကပေါ့” ဟု မြိတ်မြို့ ဒေသခံတစ်ဦးက ပြောသည်။

ပစ်ခတ်ခံရသည့် ရာအိမ်မှူး ဦးသန်းဦးဆိုသူမှာ မြိတ်မြို့ ကန်ကြီး ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ပစ်ခတ်ခံရမှုကြောင့် နေရာတွင်သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ပစ်ခတ်မှုကို မြိတ်ပြည်သူ့ကာကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် မြိတ်ခရိုင်တပ်ရင်း(၂) တို့ ပူးပေါင်းလုပ်ဆော င်ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့များက သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၁၈) ရက်ကလည်း မြိတ်မြို့ အော င်ချမ်းသာ ရပ်ကွက်မှ ရာအိမ်မှူး ဦးအောင်သန်းဆိုသူကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ မြိတ်ခရိုင် တပ် ရင်း(၂) တို့က သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းမှု လုပ်ဆော င်ခဲ့သည့်အတွက် သေဆုံးသွားခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here