၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ လူဦးရေ ၆ သန်းကျော်အား လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးနိုင်ရန် UNOCHA မှညှိနှိုင်းဆောင်ရွက်လျက်ရှိ

0
321

၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ လူဦးရေ ၆ သန်းကျော်အား လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးနိုင်ရန် UNOCHA မှညှိနှိုင်းဆောင်ရွက်လျက်ရှိ

UNOCHA Myanmar မှ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ အကူအညီများလိုအပ်နေသည့် ဦးတည်လူဦးရေ ၆ ဒသမ ၂ သန်းအား လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း အသိပေးထုတ်ပြန်ခဲ့သည်။

ထိုသို့ အကူအညီများပေးအပ်ရာတွင် UNOCHA မှ ပြည်တွင်းနှင့်နိုင်ငံတကာအဖွဲ့အစည်း ၁၇၇ ခုနှင့်အတူပူးပေါင်း၍ ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ လိုအပ်ချက်များမြင့်တက်လာသဖြင့် အကူအညီလိုအပ်ဆုံးသူများထံသို့ လူသားချင်းစာနာမှုအကူအညီများရောက်ရှိစေရန် မြေပြင်၌ ချိတ်ဆက်ဆောင်ရွက်နေသည့် ဒေသခံမိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် လိုအပ်ချက်များရှိနေသူများထံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူ အညီများရောက်ရှိရန် UNOCHA မှဦးဆောင်၍ ညှိနှိုင်းဆောင်ရွက်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

UNOCHA Myanmar သည် ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ အကူအညီများလိုအပ်နေသည့် လူဦးရေ ၃ သန်းကျော်အား လူမှုဘဝကယ်ဆယ်ရေးအကူအညီများကို ကူညီပံ့ပိုးပေးထားပြီးဖြစ်ကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here