ရိုးရာအတတ်ပညာနှင့် e-commerse ​ပေါင်းစပ်ကာ နိုင်ငံခြားဝင်​ငွေရှာနိုင်သည့် ဌက်​လှောင်အိမ် လက်မူပညာ

0
523

ရိုးရာအတတ်ပညာနှင့် e-commerse ​ပေါင်းစပ်ကာ နိုင်ငံခြားဝင်​ငွေရှာနိုင်သည့် ဌက်​လှောင်အိမ် လက်မူပညာ

တရုတ်နိုင်ငံ Shandong ပြည်နယ် Qingdao ရှိ Da’ou ရွာ၏ အိမ်အဝင်ဝတိုင်းတွင် ငှက်လှောင်အိမ်များ ရှိ​လေ့ရှိသည်။

၂၀၀၉ခုနှစ်က  ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းအဖြစ်ထို ငှက်လှောင်အိမ်လက်မှုပညာကို စာရင်းသွင်းခဲ့ကြသည်။

တရုတ်နိုင်ငံ  Jimoမြို့၊ Da’ou ခရိုင်ရှိ ဒေသခံရွာသားများအကြား မျိုးဆက်တစ်ခုမှ တစ်ခုသို့ နှစ်​ပေါင်း ၅၀၀ ကျော်ကြာ လွှဲပြောင်းပေးခဲ့သည့်လက်မူအတတ်ပညာလည်းဖြစ်သည်။


ယခုကာလတွင် ကျေးရွာရှိ အိမ်ထောင်စု ၄၆၀ တွင် ၃၂၀ ကျော်၏ အသက်မွေးဝမ်းကြောင်းကိုထိုအတတ်ပညာဖြင့် ထောက်ပံ့ပေး​နေပြီဖြစ်သည်။ ငှက်လှောင်အိမ်များကို ကိုယ်တိုင်မပြုလုပ်သူများအ​နေဖြင့်လည်း ဆက်စပ်စီးပွားရေးလုပ်ငန်းများတွင် အများစုပါဝင်ကြသည်။


ရိုးရာငှက်လှောင်အိမ်တစ်ခုသည် သစ်သားနှင့်ဝါးကိုအသုံးပြုအလှဆင်ခြင်း၊အ​ချောသပ်ခြင်းအထိ မတူညီသောနည်းပညာပေါင်း ၁၀၀ ကျော်ကို အသုံးပြု​လေ့ရှိကြောင်း ဌက်အိမ်လက်မူပညာရှင် Wu က ပြောသည်။

ပြည်တွင်းသာမကပြည်ပဈေးကွက်အတွက်လည်း ငှက်လှောင်အိမ်ပေါင်း ၆သိန်း​ကျော်ကို ထုတ်လုပ်လျက်ရှိသည့် အဆိုပါလုပ်ငန်းသည် နှစ်စဉ်ထွက်ကုန်တန်ဖိုး ယွမ် သန်း ၂၀ (ဒေါ်လာ ၂.၉၈ သန်း) ကျော်ကို ဖန်တီးပေး​နေသည်။

“ရိုးရာအတတ်ပညာကို အမွေဆက်ခံခြင်းအားဖြင့် ကျွန်တော်တို့ ဝင်ငွေရခဲ့တယ်၊ ဒါပေမယ့် ပိုအရေးကြီးတာက တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှုကို ပြန့်ပွားအောင် လုပ်ဆောင်နေပါတယ်” လို့ Wu က ဆိုပါတယ်။


၂၀၁၉ ခုနှစ်ထဲက ဒေသန္တရအစိုးရသကရွာသားများအား ၎င်းတို့၏ ထုတ်ကုန်များကို အွန်လိုင်းတွင်ပြသရောင်းချနိုင်ရန်အတွက် ကျေးလက် e-commerce ဝန်ဆောင်မှုစင်တာတစ်ခုကို ယွမ် ၁.၂ သန်း ရင်းနှီးမြှုပ်နှံတည်ထောင်​ပေးထားသည်။

“အရင်တုန်းကတော့ ဖောက်သည်အသစ်တွေကို မိတ်ဆက်ပေးဖို့ အဟောင်းတွေကို မှီခိုခဲ့ရတယ်။ အခု e-commerce ပလက်ဖောင်းတွေကြောင့် ကမ္ဘာတစ်ဝှမ်းက သုံးစွဲသူတွေဟာ သူတို့ရဲ့ စမတ်ဖုန်းတွေက​နေ ကလစ်တစ်ချက်နှိပ်ရုံနဲ့ အမှာစာတွေပို့နိုင်မှာပါ” ဟု ကျေးရွာပါတီအတွင်းရေးမှူး Wu Xitong က ပြောကြားခဲ့သည်။

Source: China Daily


LEAVE A REPLY

Please enter your comment!
Please enter your name here