ပြည်ကြီးတံခွန်မြို့နယ်တွင် မျက်နှာအားဓားဖြင့်လှီး၍ စကီုဖီးဆိုင်ကယ်အားလုယက်ယူဆောင်

0
486

ပြည်ကြီးတံခွန်မြို့နယ်တွင် မျက်နှာအားဓားဖြင့်လှီး၍ စကီုဖီးဆိုင်ကယ်အားလုယက်ယူဆောင်

မန္တ လေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၆ လမ်းနှင့်စက်မှုပန်းခြံ(A)လမ်းတွင် သြဂုတ် ၂၄ ရက်မွန်းလွဲပိုင်းက အမျိုးသားတစ်ဦး၏ မျက်နှာအားဓားဖြင့်လှီး၍ လုယက်ယူဆောင်သွားခဲ့ကြခြင်းဖြစ်ကြောင်း ရွှေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်းမှ သိရသည်။

ယင်းနေ့မွန်းလွဲ ၂ နာရီခန့်က ၁၂၆ လမ်းနှင့်စက်မှုပန်းခြံ(A)လမ်းတွင် ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား ၃ ဦးက အသက်(၂၀)နှစ်ခန့်ရှိ စကိုဖီး(အနက်ရောင်)ဆိုင်ကယ်စီးလာသည့် အမျိုးသား၏ မျက်နှာအားဓားဖြင့်လှီး၍ စကိုဖီးဆိုင်ကယ်အား လုယက်ယူဆောင်သွားခဲ့ကြသည်။

ထိုသို့ ဓားဖြင့်လှီးခဲ့သဖြင့် မျက်နှာတွင်ပြတ်ရှဒဏ်ရာရရှိကာ ရွှေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်းရုံးသို့ လာရောက်၍အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ရွှေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်းက အရေးပေါ်ပြုစုကုသမှုများပြုလုပ်ခဲ့ကြပြီး မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် ဆက်လက်ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ စကိုဖီးဆိုင်ကယ်လုယက်ခံရသည့် အ သက်(၂၀)နှစ်ခန့်ရှိ အမျိုးသား၏ဓားဖြင့်လှီးခံရသည့်ပြတ်ရှဒဏ်ရာအား ၆ ချက်ချုပ်ခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here