ချင်းမိုင်တက္ကသိုလ်နှင့်နွေဦးတက္ကသိုလ်တို့ကြား ပူးပေါင်းသင်ကြားရေးသဘောတူစာချွန်လွှာရေးထိုးခြင်းမှာ သတင်းမှားသာဖြစ်

0
481

ချင်းမိုင်တက္ကသိုလ်နှင့်နွေဦးတက္ကသိုလ်တို့ကြား ပူးပေါင်းသင်ကြားရေးသဘောတူစာချွန်လွှာရေးထိုးခြင်းမှာ သတင်းမှားသာဖြစ်

 

ထိုင်းနိုင်ငံ၊ချင်းမိုင်တက္ကသိုလ်နှင့်နွေဦးတက္ကသိုလ်ဆိုသည့်အဖွဲ့တို့ကြား ပူးပေါင်းသင်ကြားရေး သဘောတူစာချွန်လွှာရေးထိုးခဲ့ကြသည့်သတင်းမှာ သတင်းမှားသာဖြစ်ကြောင်း နစက ၏နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၂၅ ရက်(ယနေ့)တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ သတင်းဖြစ်စဥ်အား လူမှုကွန်ယက်စာမျက်နှာများ၌ သြဂုတ် ၁၀ ရက်က ဖော်ပြထားသည်ကို တွေ့ရှိခဲ့ရသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် သတင်းဖော်ပြချက်များနှင့်ပတ်သက် ၍ ချင်းမိုင်ကောင်စစ်ဝန်ချုပ်ရုံး၏ ကောင်စစ်ဝန်ချုပ်မှ တက္ကသိုလ်တာဝန်ရှိသူများထံ သွားရောက်တွေ့ဆုံကာ စုံစမ်းခဲ့သည်ဟု ထုတ်ပြန်ချက်၌ရေးသားထားသည်။

စုံစမ်းချက်အရ ယင်း နွေဦးတက္ကသိုလ်ဆိုသည့်အဖွဲ့နှင့်ချင်းမိုင်တက္ကသိုလ်ကြား ဆွေးနွေးခြင်းနှင့်သဘောတူညီချက်လက်မှတ်ရေးထိုးထားခြင်းမရှိကြောင်း သိရှိခဲ့ရသည်။

ထို့ကြောင့် သတင်းမီဒီယာများ၏ ရေးသားဖော်ပြချက်များသည် အဖြစ်မှန်မဟုတ်သည့် သတင်းအ မှားသာဖြစ်သာ်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here