ဒီဇယ်တစ်လီတာလျင် ၃၂၀၀ ကျပ်ကျော်ရောက်ရှိ

0
376

ဒီဇယ်တစ်လီတာလျင် ၃၂၀၀ ကျပ်ကျော်ရောက်ရှိ

စက်သုံးဆီစျေးနှုန်းများ သြဂုတ် ၂၆ ရက်(ယနေ့) တွင်ထပ်မံတက်လာသဖြင့် ရန်ကုန်တိုင်းအတွင်း ဒီဇယ်ဆီ(HSD 500 ppm)တစ်လီတာလျင် ၃၂၂၅ ကျပ်ဖြစ်လာခဲ့သည်ကို စက်သုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီမှထုတ်ပြန်သည့် ရည် ညွှန်းလက်လီစျေးနှုန်းများအရ သိရသည်။

အလားတူ မန္တလေး၊နေပြည်တော်၊ပဲခူး၊မကွေး၊ထားဝယ်၊မုံရွာ၊ပုသိမ်၊ဘားအံ၊မော်လမြိုင်တို့တွင်လည်း ဒီဇယ်ဆီ(HSD 500 ppm)တစ်လီတာလျင် ၃၂၀၀ ကျပ်ကျော်ရှိကြောင်း သိရသည်။

ထို့အတူ မြစ်ကြီးနား၊စစ်တွေ၊လားရှိုး၊တောင်ကြီး၊လွိုင်ကော်တို့တွင်လည်း ဒီဇယ်ဆီ(HSD 500 ppm)တစ်လီတာလျင် ၃၃၀၀ ကျပ်ကျော် ဟားခါးတွင် ၃၅၀၀ ကျပ်ကျော်နှင့်ကျိုင်းတုံတွင် ၃၄၀၀ ကျပ်ကျော်ရှိကြောင်း သိရသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့ ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအရ ရန် ကုန်တိုင်းအတွင်း၌ လက်လီစျေးအဖြစ် 92 Ron တစ်လီတာလျင် ၂၄၉၅ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၅၇၀ ကျပ်၊ HSD (500 ppm) တစ်လီတာလျင် ၃၂၂၅ ကျပ် သတ်မှတ်ခဲ့သည်။

အလားတူ HSD (50 ppm)နှင့် HSD (10 ppm)တို့မှာ တစ်လီတာလျင် ၃၃၀၅ ကျပ်အဖြစ် စက်သုံးဆီရည်ညွှန်းလက်လီစျေးနှုန်းများအဖြစ် သတ် မှတ်ခဲ့သည်။

ထို့ပြင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စက်သုံးဆီရည်ညွန်းလက်ကားစျေးနှုန်းမှာလည်း ရန်ကုန်တိုင်း ၌ 92 Ron တစ်လီတာလျင် ၂၃၈၂ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၄၅၃ ကျပ်၊ HSD(500 ppm) တစ်လီတာလျင် ၃၀၉၃ ကျပ်၊ HSD (50 ppm)နှင့် HSD(10 ppm)တို့မှာ တစ်လီတာလျင် ၃၁၇၀ ကျပ်တို့ဖြစ်သည်။

အဆိုပါ စျေးနှုန်းများအား စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ MOPS စျေးနှုန်းအပေါ်တွင် အခြေခံတွက်ချက်ထားခြင်းဖြစ်ကာ စက်သုံးဆီဝယ်ယူသူများအနေဖြင့် ကျေနပ်မှုမရှိပါက ကော်မတီသို့ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here