ငဖဲမြို့တွင် ဆိုင်ကယ်နှစ်စီးတိုက်မိမှုကြောင့် ၆ တန်းကျောင်းသားတစ်ဦးသေဆုံးခဲ့

0
323

ငဖဲမြို့တွင် ဆိုင်ကယ်နှစ်စီးတိုက်မိမှုကြောင့် ၆ တန်းကျောင်းသားတစ်ဦးသေဆုံးခဲ့

မကွေးတိုင်း၊ငဖဲမြို့၊ကျောင်းတွင်းရပ်ကွက်၊ငဖဲ- စေတုတ္တရာသွားကားလမ်းတွင် သြဂုတ် ၂၅ ရက်ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့ညနေ ၅ နာရီခွဲခန့်က ငဖဲ -စေတုတ္တရာသွားကားလမ်း၏ အနော်ရထာလမ်းနှင့်မကျီးပင်လမ်းဆုံတွင် ကျောင်းတွင်းရပ်ကွက်တောင်ဘက်မှချောင်းဖြူကျေးရွာမြောက်ဘက်သို့ ကျောင်းကုန်းကျေးရွာနေ ကိုကျော်သူ(၂၇)နှစ်မောင်းကာ မစန္ဒာလင်း(၂၂)နှစ်လိုက်ပါလာသည့် ဆိုင်ကယ်အား ကျောင်းတွင်းရပ်ကွက်နေ ကိုစိုးအောင်(၃၄) နှစ်မောင်းကာ ၆ တန်းကျောင်းသားဖြစ်သူ မောင်ကောင်းထက်ဝေ(၁၂)နှစ်လိုက်ပါလာသည့် ဆိုင်ကယ်ကအရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်တိုက်မိခဲ့သည်။

ထိုသို့ တိုက်မိမှုကြောင့် ၆ တန်းကျောင်းသား မောင်ကောင်းထက်ဝေသည် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ကိုစိုးအောင်၊ကိုကျော်သူနှင့်မစန္ဒာလင်းတို့တွင်လည်း ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရနှင့်မစိုးရိမ်ရ)များအဖြစ်ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှ ဆိုင်ကယ်မောင်းနှင်သူ ကိုစိုးအောင်အား ငဖဲမြို့မရဲစခန်းက ယာဥ်(ပ)၄/၂၀၂၂၊ရာဇ သတ်ကြီးပုဒ်မ  ၃၀၄-က/၃၃၇/၃၃၈ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here