ဒေါ်လာ ဝယ်ယူသူများ၏ အချက်အလက်များကို ဗဟိုဘဏ်သို့ နေစဉ်ပေးပို့ရန် AD လိုင်စင်ရဘဏ်များကို နစ က ညွှန်ကြား

0
269

ဒေါ်လာ ဝယ်ယူသူများ၏ အချက်အလက်များကို ဗဟိုဘဏ်သို့ နေစဉ်ပေးပို့ရန် AD လိုင်စင်ရဘဏ်များကို နစ က ညွှန်ကြား

AD လိုင်စင်ရ ဘဏ်များမှ ‌ဒေါ်လာဝယ်ယူသူများ၏ နာ မည်နှင့် အချက်အလက်များကို နေ့စဉ် ဗဟိုဘဏ်သို့ ပေးပို့ရမည်ဖြစ်ကြောင်း နစကက ညွှန်ကြားချက် ထုတ်ပြန်လိုက်သည်။

နစက၏ နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားမှုကို ထိန်း ချုပ်သည့် ထပ်တိုးလုပ်ဆောင်မှုအနေဖြင့် ဩဂုတ်လ (၂၅) ရက် ရက်စွဲနှင့် နစက လက်အောက်ခံ ဗဟိုဘဏ်က တဆင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ထုတ်ပြန်စာအရ ပြည်ပ ပို့ကုန်လုပ်ငန်များမှ ရရှိငွေ၏ (၃၅) ရာခိုင်နှုန်းကို ရောင်းဝယ် ဖောက်ကားရာ၌ ဖြစ်စေ၊ ကင်းလွတ်ခွင့်ရ လုပ်ငန်းများမှ ဖြစ်စေ AD လိုင် စင်ရ ဘဏ်များသို့ ရောင်းချထားသည့် နိုင်ငံခြားငွေများအား ပြန်လည်ဝယ်ယူသူများ၏ စာရင်း အချက်အ လက်များကို ပြုစု၍ ဗဟိုဘဏ်သို့ ပေးပို့တင်ပြရန် ညွှန်ကြားထားကြောင်း သိရသည်။

AD လိုင်စင်ရ ဘဏ်များထံမှ နိုင်ငံခြားငွေ ဝယ်ယူသူများထဲမှ စက်သုံးဆီတင်သွင်းသည့်ကုမ္ပဏီများ၊ စားသုံးဆီ တင်သွင်းသည့် ကုမ္ပဏီများ၏ ဝယ်ယူသည့် နိုင်ငံခြားငွေပမာဏနှင့် အမည် ၊ အချက်အလက်များကို ပေးပို့ရမည်ဟု အတိအကျဖော်ညွှန်း ညွန်ကြားခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ စာရင်းပြုစု တင်ပြရာတွင် ဩဂုတ်လ (၁၇) ရက် ဝယ်ယူမှုများမှ စတင်ကာအကျုံးဝင်မည်ဖြစ်ပြီး ဩဂုတ် (၁၇) ရက်မှ (၂၆) ရက်အထိ ဝယ်ယူမှု၊ ရောင်းချမှု စာရင်များကို ယနေ့ ဩဂုတ်လ (၂၆) ရက် ညနေ (၅) နာရီ နောက်ဆုံးထားကာ ဗဟိုဘဏ်သို့ ပေးပို့ရမည်ဟု ပါရှိသည်။

ထို့အပြင် လာမည့် ဩဂုတ်လ (၂၉) ရက်မှ စတင်ကာ နိုင် ငံခြားငွေ ဝယ်ယူမှုနှင့်ပတ်သက်ပြီး ဝယ်ယူသူ၏ အမည်စာရင်းနှင့် ပမာဏကို နေ့စဉ် ညနေ(၅) နာရီ နောက်ဆုံးထားကာ မပျက်မကွက် ပေးပို့ရန် ညွှန်ကြားထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here