အခေါက်ရွှေ (၁) ကျပ်သား (၂၈) သိန်းခွဲအထိ ဈေးပေါက်ကာ ဒေါ်လာဈေး ၃၀၀၀ ကျော်အထိ ရောက်လာ

0
280

အခေါက်ရွှေ (၁) ကျပ်သား (၂၈) သိန်းခွဲအထိ ဈေးပေါက်ကာ ဒေါ်လာဈေး ၃၀၀၀ ကျော်အထိ ရောက်လာ

ယနေ့ ဩဂုတ်လ (၂၆) ရက် ညနေပိုင်း ရန်ကုန်ရွှေဈေး ကွက် အပိတ်ဈေးအရ အကယ်ဒမီ မီးလင်းအခေါက်ရွှေ (၁) ကျပ်သားလျင် (၂၈) သိန်းခွဲအထိ ဈေးပေါက်နေကြောင်း သိရသည်။

ရန်ကုန်ရွှေအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ ယနေ့ ညနေပိုင်း အပိတ်ဈေးနှုန်းမှာ အကယ်ဒမီရွှေ (၁) ကျပ်သားလျင် ၂၀၅၅၀၀၀ သာ သတ်မှတ်ထားသော်လည်း ပြင်ပဈေးကွက်တွင် အမှန်တကယ် အရောင်းအဝယ်ပြုလုပ်နေသည့် ပေါက်ဈေးနှင့် ကျပ် (၈) သိန်းကျော် ကွာဟနေခြင်း ဖြစ်သည်။

အဆိုပါ ပြင်ပပေါက်ဈေးသည် တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းချက်အရ ပြောပြသည့် ဈေးနှုန်းသာဖြစ်ပြီး ဆိုင်တွင် အရောင်းအဝယ်ပြုလုပ်သည့် ဈေးနှုန်းနှင့် ကွာဟ နိုင်ကြောင်း ရန်ကုန်မြို့ရှိ နာမည်ကြီး ရွှေဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

” ဆိုင်မှာ လာပြီး အရောင်းအဝယ်လုပ်ရင် ဈေးက ကွာဟ တာမျိုး ရှိနိုင်ပါတယ်။ အဲတော့မှ အတိအကျပြောလို့ရမှာ ။ အခုက အကြမ်းဖျဉ်းပဲ ပြောလို့ရမယ်” ဟု အ ဆိုပါ တာဝန်ရှိသူက ပြောသည်။

အလားတူ ယနေ့ ဩဂုတ်လ (၂၆) ရက် ရန်ကုန်ဈေးကွက်အတွင်း နိုင်ငံခြားငွေ အရောင်းအဝယ်ဈေးနှုန်းများအရ အမေရိကန်ဒေါ်လာ (၁) ဒေါ်လာလျင် မြန်မာငွေ ကျပ် (၃၀၅၀ မှ ၃၁၀၀) ဝန်းကျင်အထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

ထို့အပြင် အခြားပြည်ပ ငွေဈေးနှုန်းများအနေဖြင့် စင်ကာပူ (၁) ဒေါ်လာလျင် မြန်မာငွေ (၂၀၇၀) ကျပ်၊ မလေးရှားရင်းဂစ် (၁) ရင်းဂစ်လျင် မြန်မာငွေ (၇၁၀) ကျပ်၊ ထိုင်းဘတ်ငွေ (၁) ဘတ်လျင် မြန်မာငွေ (၈၇) ဘတ်၊ တရုတ်ယွမ် (၁) ယွမ်လျင် မြန်မာငွေ (၄၄၀) ကျပ် အသီးသီးပေါ က်ဈေးရှိကြောင်း သိရသည်။

အဆိုပါ ဈေးနှုန်းများမှာ ဈေးကွက်အတွင်း ယနေ့ နေ့ လယ်ပိုင်း အရောင်းအဝယ်ဖြစ်နေသည့် ဈေးနှုန်းများဖြစ်ပြီး နေရာအလိုက် ဈေးနှုန်းကွာဟမှုများ ရှိနိုင်ကြောင်းလည်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here