YBS ယာဉ်မောင်း ၆၄ ဦးအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်

0
147

YBS ယာဉ်မောင်း ၆၄ ဦးအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်

ရန်ကုန်တိုင်းအတွင်း၌ ပြေးဆွဲလျက်ရှိသည့် YBS ခရီးသည်တင်ယာဥ်မောင်းသူများအနက် ယာဥ်မောင်း ၆၄ ဦးအား သြဂုတ် ၂၆ ရက်(ယနေ့)နံနက်ပိုင်းက တာမွေမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော် မတီ(YRTC)ရုံး၌ ဂုဏ်ပြုဆုငွေများချီးမြှင့်ပေး အပ်ခဲ့သည်။

 

အဆိုပါ ယာဥ်မောင်း ၆၄ ဦးအား ၂၀၂၁ ခုနှစ်အတွက် စံပြယာဉ်မောင်းဆုနှင့်တာဝန်သိယာဉ် မောင်းဆုများကို ဂုဏ်ပြာချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)ဒု-ဥက္ကဋ္ဌဦးချစ်ကိုကိုက ၂၀၂၁ ခုနှစ်အတွက် စံပြယာဉ်မောင်းဆုနှင့်တာဝန်သိယာဉ်မောင်းဆုချီးမြှင့်ခြင်းနှင့်ပတ် သက်၍ ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

ထို့နောက် စံပြယာဥ်မောင်းဆုရရှိသည့် ယာဥ်မောင်း ၆၀ ဦးအား တစ်ဦးလျင် ဂုဏ်ပြုဆုငွေ ၃ သိန်းကျပ်စီနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ခဲ့သည်။

အလားတူ အကျင့်စာရိတ္တကောင်းမွန်ကာ ခရီး သွားများကျန်ခဲ့သည့် တန်ဖိုးကြီးပစ္စည်းများနှင့် ငွေကြေးတို့အား ပြန်လည်ပေးအပ်ခဲ့သည့် ယာဉ် မောင်း ၄ ဦးအား တာဝန်သိယာဉ်မောင်းဆုအဖြစ် တစ်ဦးလျှင် ငွေကျပ် ၁ သိန်းစီနှင့်ဂုဏ်ပြုမှတ် တမ်းလွှာများကိုချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့ပြင် ၂၀၂၁ ခုနှစ်အတွင်း ‌YBS ခရီးသည်ပို့ ဆောင်ရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သည့် ‌YBS ခရီးသည်တင်ယာဉ်လိုင်းကုမ္ပဏီများ၊ ‌YBS ခရီးသည်ပို့ဆောင်ရေးတာဝန်များကို ထမ်းဆောင်ရာတွင် ပံ့ပိုးကူညီခဲ့ကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ပညာရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

ထို့အတူ YUPT Public Co.,Ltd ၊ YBPC Co.,Ltd ၊ လူထုမိတ်ဆွေကုမ္ပဏီ ၊ Asia Starmar Transport Intelligent Co.,Ltd နှင့် Super One Co.,Ltd တို့မှ ဂုဏ်ပြုဆုရ ‌YBS ယာဉ်မောင်းများအား မေတ္တာ လက်ဆောင်ချီးမြှင့်ငွေများထပ်မံပေးအပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)၏ကြီးကြပ်မှုဖြင့် ယာဉ်လိုင်းပေါင်း ၁၁၆ လိုင်းမှယာဉ်အစီးရေ ၃၂၀၀ ကျော်ဖြင့် ခရီးသွားပြည်သူ ၁၂ သိန်းကျော်အား နေ့စဉ်ပို့ဆောင်ပေးလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here