ရေပက်ဖျန်းသည့်စနစ်၊အစက်ချရေပေးသည့်စနစ်အမျိုးမျိုးအား အသုံးပြု၍ စိုက်ပျိုးရေ အား ထိရောက်အကျိုးရှိစွာအသုံးပြုရမည်ဟု နစက ဥက္ကဋ္ဌပြော

0
335

ရေပက်ဖျန်းသည့်စနစ်၊အစက်ချရေပေးသည့်စနစ်အမျိုးမျိုးအား အသုံးပြု၍ စိုက်ပျိုးရေ အား ထိရောက်အကျိုးရှိစွာအသုံးပြုရမည်ဟု နစက ဥက္ကဋ္ဌပြော

နစက ဥက္ကဋ္ဌက နေပြည်တော်၊ဇေယျာသီရိမြို့ နယ်ရှိ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊စိုက်ပျိုးပညာပေးရေးနှင့်ကျေးလက်ဒေသဖွံဖြိုးရေးသင်တန်းကျောင်း၌ သြဂုတ် ၂၆ ရက်ကပြုလုပ်သည့် ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍနှင့်တောင်သူတို့၏ လူမှုစီးပွားဘဝမြှင့်တင်ရေးဆွေးနွေးပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

စပါးတစ်ဧက အောင်မြင်ဖြစ်ထွန်းရန် မြေအမျိုးအစားပေါ်မူတည်၍ ပျမ်းမျှရေ ၅ ဧကပေခန့်ဖြစ်၍ ရေဂါလန်အားဖြင့် ၁၃ ဒသမ ၅ သိန်းဂါလန် လိုအပ်သည်ကို ပညာရှင်များထံမှသိရသည်ဟု ပြောသည်။

ထို့ကြောင့် နွေရာသီရေခမ်းခြောက်ချိန်၊ရှားပါးချိန်တွင် ရေကုန်သက်သာစေရန်နှင့်ရေအလေအ လွင့်မရှိစေရန် နည်းပညာအခြေခံသည့် ရေပေးဝေမှုစနစ်များကို ကြံဆသုံးစွဲရမည်ဟု ပြော သည်။

“ဥပမာအား ရေပက်ဖျန်းသည့်စနစ်၊အစက်ချရေ ပေးသည့်စနစ်အမျိုးမျိုးကို သီးနှံနဲ့ရေမြေအခြေ အနေပေါ် မူတည်ပြီး စိုက်ပျိုးရေကို ထိထိရောက်ရောက် အကျိုးအရှိရှိအသုံးပြုကြဖို့ လိုအပ်ပါတယ်”ဟုလနစက ဥက္ကဋ္ဌကပြောသည်။

လက်ရှိအချိန်၌ တောင်သူအများစုဆောင်ရွက်နေသည့် ဆည်ရေသောက်လုပ်ငန်းတွင်“ခွက်ဆင့်သောက်”လမ်းကြောင်းအလိုက် ရေပေးသွင်းခြင်းအား ဆက်လက်ကျင့်သုံးနေပါက လေလွင့်ဆုံးရှုံးမှုများစွာဖြစ်ပေါ်မည်ဟုပြောသည်။

ထို့ကြောင့် ရေပေးမြောင်းများတစ်လျှောက် ရေ စိမ့်ဝင်ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရန် လိုင်နင်စီခြင်းအား ရင်းနှီးမြှုပ်နှံဆောင်ရွက်ပါက ရေလေ လွင့်မှု ၂၀ ရာခိုင်နှုန်းခန့် လျော့နည်းသက်သာသွားမည်ဖြစ်ကာ ယခုနောက်ပိုင်းတွင် ကုန်ကျစရိတ်သက်သာသည့် Poly Ethylene  ပလတ်စတစ်အစများအား အသုံးပြုပြီး ရေပေးမြောင်းများကို လိုင် စင်ပြုလုပ်ပါက ဆောင်ရွက်ရန်လွယ်ကူပြီး အချိန်တိုအတွင်း ပြီးစီးနိုင်သည့်အပြင် ရေသွယ်ယူရာ တွင် လေလွင့်ဆုံးရှုံးမှုမရှိသလောက် နည်းပါးသွားမည်ဟု ပြောသည်။

“မိမိတို့ စိုက်ပျိုးထုတ်လုပ်သည့် သီးနှံပုံစံအမျိုးအစား စိုက်ပျိုးတဲ့ မြေအခြေအနေတို့အပေါ် မူ တည်ပြီး ရေအလေအလွင့်နည်းပါးနိုင်မယ့် နည်းလမ်းတွေကို ရွေးချယ်အသုံးပြုသွားရပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် ရေပေးဝေသည့်မြောင်းများ၊အ ဆောက်အအုံများ ရေရှည်တည်တံ့ပြီး ရေပေးဝေမှုစနစ်များ တိုးတက်လာစေရန် သက်ဆိုင်ရာတောင်သူများစုဖွဲ့ကာ ဆည်ရေစီမံခန့်ခွဲမှု လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန် သက်ဆိုင်ရာ ရေသောက်မြောင်းများအလိုက် ရေအသုံးချသူများအဖွဲ့များကို ဖွဲ့စည်းကာ ပူးပေါင်းဆောင်ရွက်နိုင်စေရန်နှင့်ပိုမိုကျယ်ပြန့်အား ကောင်းလာစေရန် ရေအသုံးချသူများအသင်းအ ဖြစ် အဆင့်မြှင့်တိုးချဲ့ ဖွဲ့စည်းခဲ့သည်ဟု ပြော သည်။

“ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်”အား တည် ထောင်ရာတွင် တောင်သူများကိုယ်တိုင် ပါဝင်စီမံဆောင်ရွက်ရသဖြင့် တောင်သူအချင်းချင်းကြား ရေကြောင့်ဖြစ်ပွားရသည့် ပဋိပက္ခများကင်းဝေးခြင်း၊ဆည်ရေကိုအကျိုးရှိစွာ အသုံးပြုနိုင်၍ ရေအလေအလွင့်နည်းပါးပြီး ဆည်ရေစိုက်ဧရိယာ ပိုမိုတိုးချဲ့ပေးဝေလာနိုင်ခြင်း အကျိုးကျေးဇူးများ ရရှိလာမည်ဟုပြောသည်။

ထို့ကြောင့် တောင်သူများအနေဖြင့် ရေအသုံးချသူများအဖွဲ့အသင်းတို့တွင်ပါဝင်ကာ အစိုးရမ ဟုတ်သော စီးပွားရေးနှင့်လူမှုရေးအဖွဲ့အစည်းများ၊အခြားမိတ်ဖက်အဖွဲ့အစည်းများနှင့်ပိုမိုချိတ် ဆက်ဆောင်ရွက်ပါက ရေရှည်တည်တံ့ပြီး အား လုံးပါဝင်သည့် စီးပွားရေးအသိုက်အဝန်းဖြစ်ပေါ်လာစေမည်ဟုပြောသည်။

“အစိုးရက လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အ တွက် စိုက်ပျိုးရေပေးဝေမှုလုပ်ငန်းကို စဉ်ဆက်မ ပြတ်ဖြည့်ဆည်းဆောင်ရွက်ပေးနေရာမှာ တောင် သူလယ်သမားတွေ အနေနဲ့လည်း “ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်”မှာ ဝိုင်းဝန်းကြိုးပမ်းပါဝင်ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်” ဟု နစက ဥက္ကဋ္ဌကပြောသည်။

ရေကိုအကျိုးရှိစွာအသုံးချနိုင်ရန် အစ္စရေးနိုင်ငံတွင် သွားရောက်လေ့လာသင်ကြားခဲ့သည့် လူ သားအရင်းအမြစ်များအား ထိရောက်စွာ အသုံး ချ၍ စိုက်ပျိုးရေးအင်ဂျင်နီယာပညာရပ်ကို ကျောင်းအသီးသီးတွင် အဆင့်လိုက်ကျယ်ပြန့်စွာသင်ကြားပေးရန်နှင့်ထိရောက်စွာအသုံးပြုရန်လိုသည်ဟု ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here