နစက ဒု-ဥက္ကဋ္ဌ International Army Games- 2022 ပြိုင်ပွဲ၏ပိတ်ပွဲအခမ်းအနားတက်ရောက်ရန် ရုရှားနိုင်ငံသို့ ထွက်ခွာ

0
179

နစက ဒု-ဥက္ကဋ္ဌ International Army Games- 2022 ပြိုင်ပွဲ၏ပိတ်ပွဲအခမ်းအနားတက်ရောက်ရန် ရုရှားနိုင်ငံသို့ ထွက်ခွာ

နစက ဒု-ဥက္ကဋ္ဌ၊ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ရု ရှားနိုင်ငံတွင် ကျင်းပလျက်ရှိသည့် International. Army Games-2022 ပြိုင်ပွဲပိတ်ပွဲအခမ်းအနားတက်ရောက်ရန် သြဂုတ် ၂၅ ရက်နံနက်ပိုင်းက နေပြည်တော်လေဆိပ်မှထွက်ခွာသွားခဲ့ကြသည်။

နစက အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ဒု-ဗိုလ်ချုပ်ကြီးစိုးထွဋ်၊ကောင်စီအတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ကောင်စီတွဲဖက် အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့က ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများ၊နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊မြန် မာနိုင်ငံဆိုင်ရာ ရုရှားစစ်သံမှူး Colonel Sergei Kurchenko နှင့်တာဝန်ရှိသူများကလည်း ပို့ ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

နစက ဒု-ဥက္ကဋ္ဌဦးဆောင်သည့်အဖွဲ့သည် ရုရှားစံ တော်ချိန် ညပိုင်း၌ မော်စကိုမြို့၊ရှီရီမီကျဲဗာလေ ဆိပ်သို့ရောက်ရှိရာ ရုရှားကာကွယ်ရေးဝန်ကြီး ဌာန၊ဒု-ကာကွယ်ရေးဝန်ကြီး Colonel General A.V.Fomini ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအ မတ်ကြီးဦးလွင်ဦးနှင့်ဇနီး၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ)ဗိုလ်မှူးချုပ်မိုးကျော်နှင့်ဇနီး၊ FSMTC မှ Alexander V.Ostrvovskiy. နှင့်တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here