တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်အတွင်းလာရောက်ခိုလှုံသူ မိသားစု ၄၀၀၀ ကျော်အတွက်အ​ခြေခံစားသောက်ကုန်များအားICRC မှလှူဒါန်း

0
233

တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်အတွင်းလာရောက်ခိုလှုံသူ မိသားစု ၄၀၀၀ ကျော်အတွက်အ​ခြေခံစားသောက်ကုန်များအားICRC မှလှူဒါန်း

ကယားပြည်နယ်အတွင်း တိုက်ပွဲများကြောင့်ရှမ်းပြည်နယ်အတွင်း လာရောက်ခိုလှုံသူ မိသားစု ၄၃၀၀ အား အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သော ဆန်၊ ဆီ၊ ဆား နှင့်ပဲအပါအဝင် အခြားအရေးကြီးအစားအစာများထောက်ပံ့ကူညီခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်း(ICRC) က ယမန်နေ့က ထုတ်ပြန်ကြေညာထားသည်။

” ရှမ်းပြည်တောင်ပိုင်းတခွင်မှာ လာရောက်ခိုလှုံနေထိုင်နေတဲ့ မိသားစု ၄၃၀၀ ကို ဆန်၊ ဆီ၊ ဆား၊ ပဲ အပါအဝင် အရေးတကြီးလိုအပ်နေတဲ့ အစားစာတွေ ထောက်ပံ့ကူညီနိုင်ခဲ့ပါတယ် ” ဟု အိုင်စီအာရ်စီ လားရှိုးရုံးမှ ကိုယ်စားလှယ် Piotr Dregiel က ထုတ်ပြန်ချက်တွင်ပြောဆိုထားသည်။

အဆိုပါ ကူညီထောက်ပံ့မှုသည် ပြီးခဲ့သောဇန်နဝါရီလမှစတင်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်အတူ ရှမ်းပြည်နယ်အတွင်း မြို့နယ်၅ ခုရှိ ခိုလှုံရာ နေရာ ၆၇ နေရာ တွင် လာရောက်ခိုလှုံကြသူများဖြစ်ကြောင်းသိရသည်။

အလားတူ နေထိုင်စရာများ၊ ယင်လုံအိမ်သာများဆောက်လုပ်ပေးသည့်အပြင် သောက်သုံးရေများအတွက်ရေစစ်အိုးများ၊ သန့်ရှင်းရေးသုံးပစ္စည်းများနှင့် ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် အိမ်သာထိုင်ခုံများပံ့ပိုးကူညီပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here