စားသုံးသူများအဆင်ပြေစေရန် “ရွှေမိုး”ဆန်ရောင်းဝယ်ရေးမှ ဆန်စျေးနှုန်းများအားလျော့ချပြီးရောင်းပေး

0
493

စားသုံးသူများအဆင်ပြေစေရန် “ရွှေမိုး”ဆန်ရောင်းဝယ်ရေးမှ ဆန်စျေးနှုန်းများအားလျော့ချပြီးရောင်းပေး

ရန်ကုန်တိုင်း၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ၂၀ ရပ်ကွက်၊မြသီရိလမ်းရှိ “ရွှေမိုး”ဆန်ရောင်း ဝယ်ရေးမှ စားသုံးသူများအဆင်ပြေစေရန် ဆန်စျေးနှုန်းများအားလျော့ချ၍ ရောင်းချပေးလျက်ရှိသည်။

“စားသုံးသူတွေစျေးသက်သက်သာသာနဲ့ဝယ်ယူနိုင်အောင် စျေးလျော့ပြီးရောင်းပေးတာပါ တစ်ယောက်ကိုဘယ်နှစ်အိတ်ပဲဝယ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်မထားဘူး ကြိုက်သလောက်ဝယ်လို့ရပါတယ်”ဟု “ရွှေမိုး”ဆန်ရောင်းဝယ်ရေးပိုင်ရှင်ကိုအောင်ကျော်မိုးကပြောသည်။

ထို့ပြင် ယခင်ဆန်များရောင်းချစဥ်က အမြတ်ရရှိမှုများအား စားသုံးသူများကိုပြန်လည်ခွဲဝေပေးသည့်အနေဖြင့် စျေးနှုန်းလျော့ချကာ ရောင်းချပေးခြင်းလည်းဖြစ်ကြောင်း သိရသည်။

“ဆန်ကိုစျေးလျော့ရောင်းပေမယ့် အရည်အသွေးလျော့ချထားတာမရှိဘူး အရင်အရည်အသွေးအတိုင်းပါပဲ သြဂုတ် ၂၉ ရက်နောက်ပိုင်းမှာတော့ အရင်ဆန်စျေးနှုန်းအတိုင်း ပြန်ဖြစ်ကောင်းဖြစ်နိုင်တယ် ဒါပေမယ့် အခြေခံလူတန်းစားတွေဝယ်ယူမှုများတဲ့ဆန်ကတော့ စျေးတင်မရောင်းပါဘူး” ဟု ပိုင်ရှင်ဖြစ်သည့် ကိုအောင်ကျော်မိုးကပြော သည်။

“ရွှေမိုး”ဆန်ရောင်းဝယ်ရေးမှ ဆန်အမျိုးအစားအလိုက် တစ်အိတ်လျင် ဇီယာဆန် ၄၆၅၀၀ ကျပ်၊ ရက် ၉၀ ဆန် ၄၇၅၀၀ ကျပ်နှင့် ၄၉၀၀၀ ကျပ်၊ ပခမ်းဆန် ၄၇၅၀၀ ကျပ်နှင့် ၄၈၅၀၀ ကျပ်၊ အညာ သားဆန် ၄၇၅၀၀ ကျပ်နှင့် ၄၈၅၀၀ ကျပ်၊ မနောသုခဆန် ၅၀၅၀၀ ကျပ်၊ ဖန်သီးသုခဆန် ၄၉၅၀၀ ကျပ်တို့ဖြင့် ရောင်းချပေးလျက်ရှိသည်။

အလားတူ ပေါ်ဆန်းလတ်ဆန် ၅၃၅၀၀ ကျပ်နှင့် ၅၅၅၀၀ ကျပ်၊ တောင်ပျံဆန် ၆၀၅၀၀ ကျပ်၊ ၆၃၅၀၀ ကျပ်နှင့် ၆၅၅၀၀ ကျပ်၊ မြောင်းမြဆန် ၆၈၅၀၀ ကျပ်နှင့် ၆၅၅၀၀ ကျပ်၊ ကျားပျံဆန် ၆၈၅၀၀ ကျပ်၊ ၇၀၅၀၀ ကျပ်နှင့် ၇၅၅၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းမွှေးဆန် ၈၆၅၀၀ ကျပ်နှင့် ၈၃၅၀၀ ကျပ်တို့ဖြင့် ရောင်းချပေးလျက်ရှိသည်။

ထို့အတူ ကောက်ညှင်းဆန် ၆၅၅၀၀ ကျပ်၊ ၇၂၅၀၀ ကျပ်နှင့် ၇၅၅၀၀ ကျပ်၊ ပေါ်ဆန်းစလတ်ကြီးဆန် ၃၆၅၀၀ ကျပ်၊ ဆန်အဝါ ၃၇၅၀၀ ကျပ်၊ ကောက်ညှင်းငချိတ် ၄၃၅၀၀ ကျပ်၊ ကောက်ညှင်းစကွဲ ၄၆၅၀၀ ကျပ်နှင့် ၅၀၀၀၀ ကျပ်၊ ပေါ်ကျွဲဆန် ၄၆၅၀၀ ကျပ်တို့ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

“စျေးလျော့ရောင်းပေးလို့ ကျွန်တော်တို့အတွက် ဘာမှမဖြစ်ပါဘူး အဆင်ပြေပါတယ်”ဟု ပိုင်ရှင်ဖြစ်သူ ကိုအောင်ကျော်မိုးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here