စက်သုံးဆီတင်သွင်းသူများ နိုင်ငံခြားငွေလွယ်ကူစွာရရှိနိုင်ရန် ဗဟိုဘဏ်က ဘဏ်များ၊စက်သုံးဆီလုပ်ငန်းရှင်ကြီးများနှင့်တွေ့ဆုံဆွေးနွေး

0
314

စက်သုံးဆီတင်သွင်းသူများ နိုင်ငံခြားငွေလွယ်ကူစွာရရှိနိုင်ရန် ဗဟိုဘဏ်က ဘဏ်များ၊စက်သုံးဆီလုပ်ငန်းရှင်ကြီးများနှင့်တွေ့ဆုံဆွေးနွေး

စက်သုံးဆီတင်သွင်းသူများ နိုင်ငံခြားငွေလွယ်ကူစွာရရှိနိုင်ရန် ဗဟိုဘဏ်က ဘဏ်များ၊စက်သုံးဆီတင်သွင်းသည့် လုပ်ငန်းရှင်ကြီးများနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိသည်ဟုဗဟိုဘဏ်ကထုတ်ပြန်ခဲ့သည်။

 နိုင်ငံခြားငွေလဲ လှယ်နှုန်းများမြင့်တက်ဖွယ်ရှိပြီး စက်သုံးဆီဈေးနှုန်းများပိုမိုမြင့်တက်၍ ကုန်ဈေးနှုန်းကြီးမားမှုများ ဖြစ်ပေါ်နိုင်သည်ဟု ကောလဟလသတင်းများထွက်ပေါ်လျက်ရှိသည်။

အဆိုပါ ဖြစ်စဥ်များနှင့်ပတ်သက်၍ စက်သုံးဆီဈေးနှုန်းများကျဆင်းရန်၊နိုင်ငံခြားငွေများ လွယ်ကူစွာရရှိနိုင်ရန်၊ဘဏ်များ၊စက်သုံးဆီတင်သွင်းသူလုပ်ငန်းရှင်များနှင့်ညှိနှိုင်းဆွေးနွေးလျက်ရှိကာ အခြားဆက်စပ်ဝန်ကြီးဌာနများနှင့်လည်း ထိန်းညှိဆောင်ရွက်လျက်ရှိသည်ဟုထုတ်ပြန်ထားသည်။ 

အလားတူ ကမ္ဘာ့ရေနံဈေးနှုန်းအပြောင်းအလဲများနှင့်ကုန်သွယ်မှုမညီမျှသည့် အကြောင်းရင်းများကြောင့် ငွေကြေးတည်ငြိမ်မှုရှိစေရန်နှင့် စီးပွား ရေးအားကောင်းစေရန် မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှုဝါဒ၊ငွေကြေးမူဝါဒများဖြင့် စီးပွားရေးလုပ်ငန်းများ လည်ပတ်နိုင်ရန်ဆောင်ရွက်လျက်ရှိသည်ဟု ဗဟိုဘဏ်ကအသိပေးထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် တရားမဝင်လှုံဆော်မှုများအား စိုးရိမ်ပူပန်မှုများမဖြစ်ကြရန်၊နိုင်ငံခြားငွေဈေးနှုန်း ဆွဲတင်နေမှုများ၊အွန်လိုင်းမှ တရားမဝင်နိုင်ငံခြား ငွေ ရောင်းဝယ်သူများကို ယုံကြည်ဆောင်ရွက်ခြင်းမပြုရန်နှင့်နိုင်ငံခြားငွေများတရားမဝင်ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့်စည်းမျဉ်းများအရ ထိရောက်စွာအရေးယူသွားမည်ဟု ဗဟိုဘဏ်က အသိပေးထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်တွင်လည်း အမေရိကန်ဗဟိုဘဏ်မှ အတိုးနှုန်းမြှင့်တင်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး ထပ်မံ၍ အတိုးနှုန်းမြှင့်တင်မည်ဟု ကြေငြာခဲ့သဖြင့် အမေရိကန်ဒေါ်လာတန်ဖိုးတက်နေသဖြင့် ၎င်းနှင့်လဲလှယ်သည့် အခြားငွေကြေးတန်ဖိုးများကျဆင်းလျက်ရှိသည်။ 

ထို့ကြောင့် နိုင်ငံအများစုက ၎င်းတို့၏ ငွေကြေးများခိုင်မာမှုရှိစေရန်၊တိုင်းပြည်စီးပွားရေးတိုး တက်မှုရှိစေရန် အစီအမံများချမှတ်၍ နိုင်ငံခြားအရန်ငွေကြေးများနှင့်အစိုးရမှအခွန်သက်သာခွင့်များ၊အသုံးစရိတ်များ ကျခံသုံးစွဲပေးမှုများဖြင့် ထိန်းကျောင်းလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here