ကန်ကျဘူရီခရိုက်တွင် မြန်မာနိုင်ငံသားများလိုက် ပါလာသည့်ကားတိမ်းမှောက်၍ ၄ ဦးသေဆုံး ၉ ဦးဒဏ်ရာရ

0
148

ကန်ကျဘူရီခရိုက်တွင် မြန်မာနိုင်ငံသားများလိုက် ပါလာသည့်ကားတိမ်းမှောက်၍ ၄ ဦးသေဆုံး ၉ ဦးဒဏ်ရာရ

ထိုင်းနိုင်ငံ၊ကန်ကျဘူရီခရိုင်၊စံခလဘူရီမြို့နယ်တွင် သြဂုတ် ၂၈ ရက်(ယနေ့)နံနက်အစောပိုင်းက တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများလိုက်ပါလာသည့်ကား တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့နံနက်အစောပိုင်း ၄ နာရီကျော်ခန့်က စံခလဘူရီမြို့နယ်ရှိ အဝေးပြေးလမ်းပေါ်တွင် ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် တရားမဝင်ဝင်ရောက် လာသည့် မြန်မာနိုင်ငံသား ၁၃ ဦးလိုက်ပါလာသည့်ကား အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့သည်။

ထိုသို့ တိမ်းမှောက်မှုကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် မြန်မာနိုင်ငံသား အသက်(၁၃)နှစ်အ ရွယ်ခန့်ရှိ အမျိုးသားတစ်ဦးအပါအဝင် အမျိုး သား ၃ ဦးနှင့်အမျိုးသမီး ၁ ဦးတို့မှာ ထိခိုက်ဒဏ် ရာများရရှိပြီး အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သည်။

အလားတူ ကားပေါ်တွင်လိုက်ပါလာသည့် မြန်မာ နိုင်ငံသား ၉ ဦးတွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြသဖြင့် စံခလဘူရီမြို့နယ်ရှိ လူမှုကူညီရေးအ သင်းများက ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ကားတိမ်းမှောက်မှုဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံ သားကားမောင်းသူနှင့်အကူအဖြစ်လိုက်ပါလာသူတို့မှာ အခင်းဖြစ်နေရာမှထွက်ပြေးတိမ်းရှောင်သွားခဲ့ကြသဖြင့် တာဝန်ရှိသူများက ဖမ်းဆီးရမိရေးအတွက် စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် သေဆုံးသူများ၏ အမည်နှင့်နေရပ်လိပ်စာများအား သိရှိနိုင်ရန် စံခလဘူရီမြို့နယ် တာဝန်ရှိသူများက စုံစမ်းလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here