ပင်လယ်ထဲမျောနေသည့် မြန်မာနိုင်ငံသား ၈ ဦးအား တရုတ်နိုင်ငံသင်္ဘောကကယ်ဆယ်ခဲ့

0
431

ပင်လယ်ထဲမျောနေသည့် မြန်မာနိုင်ငံသား ၈ ဦးအား တရုတ်နိုင်ငံသင်္ဘောကကယ်ဆယ်ခဲ့

မုန်တိုင်းတိုက်ခတ်၍ ငါးဖမ်းသင်္ဘောနစ်မြုတ်ပြီး ပင်လယ်ထဲမျောနေသည့် မြန်မာနိုင်ငံသား ၈ ဦးက တရုတ်နိုင်ငံသင်္ဘောဖြစ်သည့် Wuhan Fuyang Maritime Service Co.,Ltd အုပ်ချုပ်သည့် TRUMP SW သင်္ဘောက သြဂုတ် ၂၆ ရက်နံနက်ပိုင်းတွင် ကယ်ဆယ်ခဲ့ကြောင်း သိရသည်။

TRUMP SW သင်္ဘောသည် ဗီယက်နမ်နိုင်ငံဆိပ် ကမ်းသို့ ခုတ်မောင်းလာစဥ် ပက်လယ်ထဲမျောပါနေသည့် မြန်မာနိုင်ငံသားများအား တွေ့ရှိရသဖြင့်ကယ်ဆယ်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ မြန်မာနိုင်ငံသားများသည် ငါးဖမ်းသင်္ဘောတွင်လုပ်ကိုင်နေသူများဖြစ်ကာ မုန်တိုင်းတိုက်ခတ်မှုကြောင့် သင်္ဘောနစ်မြုတ်ခဲ့ရာ ဆီဗုံးအားတွေ့ရှိရ၍ ဆီပုံးကိုမှီတွယ်ကာ ပင်လယ်ထဲ၌ နှစ်ရက်နှင့်နှစ်ည မျှောပါနေခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။

ထို့ကြောင့် မြန်မာနိုင်ငံသား ၈ ဦးအား TRUMP SW သင်္ဘောမှသင်္ဘောသားများက လိုအပ်သည့်ကူညီမှုများပြုလုပ်ပေးခဲ့ကြပြီး ခြေသလုံး၌ထိ ခိုက်ဒဏ်ရာရရှိထားသူအား ဆေးကုသမှုများပြု လုပ်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here