အမရပူရမြို့နယ်ရှိ စားသောက်ဆိုင်တစ်ခုတွင် လက်လုပ်ဗုံး ၂ လုံးပေါက်ကွဲ၍ ၂ ဦးထိခိုက်ဒဏ်ရာရ

0
260

အမရပူရမြို့နယ်ရှိ စားသောက်ဆိုင်တစ်ခုတွင် လက်လုပ်ဗုံး ၂ လုံးပေါက်ကွဲ၍ ၂ ဦးထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊အမရပူရမြို့နယ်၊စျေးကြိုရပ်ကွက်ရှိ “ဒန်နီရယ်”စားသောက်ဆိုင်၌ သြဂုတ် ၂၈ ရက်ညနေပိုင်းက လက်လုပ်ဗုံး ၂ လုံးပေါက်ကွဲခဲ့သဖြင့် အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦး ထိ ခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ယင်းနေ့ညနေ ၅ နာရီခွဲကျော်ခန့်က ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား ၂ ဦးမှ “ဒန်နီရယ်”စားသောက်ဆိုင်ဝင်းအတွင်းသို့ လက်လုပ်ဗုံးဖြင့်ပစ်ပေါက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြသည်။

လက်လုပ်ဗုံးသည် ဆိုင်ဝင်းအတွင်းကျရောက် ပေါက်ကွဲခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ဘဲ အခင်းဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက လာရောက်စစ်ဆေးစဥ် ဆိုင်အရှေ့ရေမြောင်းအ တွင်းမှ လက်လုပ်ချိန်ကိုက်ဗုံးတစ်လုံး ထပ်မံပေါက်ကွဲခဲ့သည်။

ထိုသို့ ပေါက်ကွဲမှုကြောင့် အမရပူရမြို့နယ်၊ဘုံးအိုးကျေးရွာနေ ကိုချစ်ကို(၂၂)နှစ်တွင် ကျော ဘက်မှန်ကွဲစထိမှန်ဒဏ်ရာ ၂ ချက်နှင့်ဒေါ်စောမဘီ(၆၆)နှစ်၏ ဘယ်ဘက်လက်မောင်းမှန်စထိမှန် ဒဏ်ရာ ၁ ချက်တို့ ရရှိခဲ့ကြောင်း သိရသည်။

အလားတူ လက်လုပ်ချိန်ကိုက်ဗုံးပေါက်ကွဲရာတွင် အဆောက်အဦးနှင့်ကား ၁ စီးလည်းပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သွသူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here