ပြည်ကြီးတံခွန်မြို့နယ်က ရပ်ကွက်ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

0
145

ပြည်ကြီးတံခွန်မြို့နယ်က ရပ်ကွက်ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

မန္တလေးတိုင်း ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်မှ ရာအိမ်မှူးတစ်ဦးကို ယမန်နေ့ ညပိုင်းက သေနတ်သမားများက ပစ်ခတ်ခဲ့သည့် အတွက် သေဆုံးသွားကြောင်း သိရသည်။

ယမန်နေ့ ဩဂုတ်လ (၂၈) ရက် ညဦးပိုင်းက ပြည်ကြီးတံ ခွန်မြို့နယ် လမ်း (၅၀) ၊ (၁၂၁) လမ်း ထောင့်တွင် လမ်းမီးတိုင်များ လိုက်ဖွင့်နေသည့် သင်ပန်းကုန်းရပ် ကွက်အုပ် ချုပ်ရေးမှူး ဦးဆန်းမောင်အား သေနတ်သမားများက သေနတ်ဖြင့် (၂)ချက် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေ သခံသတင်းရင်းမြစ်များ၏ ပြောကြား သိရသည်။

” အပစ်ခံရတုန်းက မသေဘူး။ ဆေးရုံပို့ရင်း သေသွားတာ” ဟု သေဆုံးသွားသည့် ရာအိမ်မှူးနှင့် တစ်ရပ်ကွက်တည်း နေထိုင်သူ သတင်းရင်းမြစ်တစ်ဦးက ပေါ် ပြူလာနယူး(စ်) သို့ ပြောသည်။

သေဆုံးသူ ရာအိမ်မှူး ဦးဆန်းအောင်တွင် ပါး ‌ကျည်ဖောက်ထွက်ဒဏ်ရာ၊ လက်မောင်း ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့သည့်အတွက် ဆေးရုံသို့ ပို့ဆောင်ပေးရကြောင်း သိရသည်။

ယင်းသို့ ဆေးရုံသို့ ပို့ဆောင်စဉ် ရရှိဒဏ်ရာများဖြင့် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

“ဘယ်အဖွဲ့ကလဲ ဘာလဲတော့ မသိဘူး။ လိုက်လည်း မစုံစမ်းဖြစ်ဘူး ။ အဓိကတော့ အပစ်ခံရလို့ သေတာတော့ ဟုတ်တယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း ပစ်ခတ်သတ်ဖြတ်မှု ဖြ စ်စဉ်များ နေ့စဉ်နီးပါး ဖြစ်ပေါ်နေပြီးအုပ်ချုပ်ရေးအဖွဲ့ဝင်များကို အဓိက ပစ်မှတ်ထား ပစ်ခတ်နေကြခြင်း ဖြစ်သည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here