ပြည်မြို့ နဝဒေးတံတားပေါ်မှ ခုန်ချသွားသည့် သားအမိနှစ်ဦးအား ဆက်လက်ရှာဖွေလျက်ရှိ

0
378

ပြည်မြို့ နဝဒေးတံတားပေါ်မှ ခုန်ချသွားသည့် သားအမိနှစ်ဦးအား ဆက်လက်ရှာဖွေလျက်ရှိ

ပဲခူးတိုင်း၊ပြည်မြို့ရှိ နဝဒေးတံတားပေါ်မှ ခုန်ချသွားခဲ့သည့် သားအမိနှစ်ဦးအား ရှာဖွေတွေ့ရှိရန် အခင်းဖြစ်ပွားသည့်အချိန်မှစတင်၍ လက်ရှိအချိန်အထိ ဆက်လက်ရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

“ရှာဖွေနေဆဲပါပဲ အခု နေ့ခင်းပိုင်းရှာဖွေရေးခနနားတယ် ပြီးရင်ဆက်ရှာသွားမှာပါ သူတို့သား အမိခုန်ချတဲ့အချိန်တုန်းက ကလေးကတော့ ခုန်ချတဲ့နေရာနားမှာခနပေါ်လာတယ် ပြီးတော့ရေစီးနဲ့ပါသွားတယ်”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ပရဟိတပါရမီ မှတာဝန်ရှိသူတစ်ဦးကပြော သည်။

နဝဒေးတံတားပေါ်မှ ခုန်ချသွားခဲ့သည့် သားအမိနှစ်ဦးသည် ပြည်မြို့ရှိ၊မြို့သစ်ဘက်၌ နေထိုင်သူ များဖြစ်ကာ ရှာဖွေမှုများစတင်ပြုလုပ်သည့်အ ချိန်မှစ၍ ၎င်းတို့၏မိသားစုဝင်များရောက်ရှိလာခဲ့ကြကြောင်း သိရသည်။

“လှေတွေနဲ့ရေလမ်းတစ်လျှောက်လိုက်ရှာတယ် ရေငုတ်ပြီးတော့လည်းရှာနေကြတယ် အဲဒီအပြင် သူတို့ခုန်ချတဲ့နေရာနားမှာ လှေတစ်စီးအသင့်စောင့်နေတယ် အဲ့နေရာနားမှာပြန်ပေါ်လာမလားဆိုပြီး စောင့်နေတာပါ”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ပရဟိတပါရမီ မှတာဝန်ရှိသူတစ်ဦးကပြောသည်။

နဝဒေးတံတား၏ တံတားတိုင်အမှတ် ၂ နှင့် ၃ ကြားမှ အသက်(၂၄)နှစ်အရွယ်ခန့်ရှိ မိခင်ဖြစ်သူနှင့်အသက်(၃)နှစ်အရွယ်ခန့်ရှိ ကလေးငယ်တို့သည် သြဂုတ် ၂၈ ရက်နေ့လည် ၃ နာရီခန့်က ခုန်ချခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here