ကိုဗစ်ကင်းစင်ရေး မူဝါဒကြောင့် တရုတ်နည်းပညာကုမ္ပဏီများ၏ စီးပွားရေးတိုးတက်မှု စံချိန်တင် နှေးကွေးလာ‌

0
228

ကိုဗစ်ကင်းစင်ရေး မူဝါဒကြောင့် တရုတ်နည်းပညာကုမ္ပဏီများ၏ စီးပွားရေးတိုးတက်မှု စံချိန်တင် နှေးကွေးလာ‌

ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၌ ပေကျင်းအစိုးရ၏ တင်းကျပ်သည့် ကိုဗစ်စည်းမျဉ်းများကြောင့် တရုတ်နည်းပညာကုမ္ပဏီကြီးများသည် ယခုနှစ် ဒုတိယ သုံးလပတ်ကာလအတွင်း သမိုင်းတစ်လျှောက် စီးပွားရေးတိုးတက်မှု အနှေးကွေးဆုံးရလဒ်နှင့် ရင်ဆိုင်နေရသည်။ 

ယခုနှစ် ဒုတိယသုံးလပတ်အတွင်း အွန်လိုင်း စီးပွားရေး ကုမ္ပဏီကြီးဖြစ်သည့် အလီဘာဘာက ၎င်း၏ နှစ်စဉ် သုံးလပတ် ဝင်ငွေတိုးတက်မှုနှုန်းမှာ အတိုးအလျော့မရှိဘဲ ပထမဆုံးအကြိမ် အဖြစ်တစ်သတ်မှတ်တည်း ဖြစ်နေကြောင်း ထုတ်ပြန်ခဲ့သည်။

“ရှန်ဟိုင်းနဲ့ တခြားမြို့ကြီးတွေမှာ ကိုဗစ်-၁၉ ပြန်ဖြစ်‌ေနလို့အရင်နှစ်တွေနဲ့ ယှဉ်ရင် ဧပြီလနဲ့ မေလ‌ေတွမှာ လက်လီရောင်းက ကျဆင်းလာပါတယ်၊ ဒါပေမဲ့ ဇွန်လမှာတော့ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်” ဟု အလီဘာဘာ CEO  Daniel Zhang က ယခုလအတွင်း ပြောကြားခဲ့သည်။

ဆိုရှယ်မီဒီယာနှင့် ဂိမ်းကုမ္ပဏီ တန်းဆန့်သည်လည်း ပထမဆုံးအကြိမ် အဖြစ် ၎င်း၏ ရောင်းအား သည် စံချိန်တင်ကျဆင်းခဲ့သည်။

အလားတူ တရုတ်နိုင်ငံ၏ ဒုတိယအကြီးဆုံး အွန်လိုင်းမှ ကုန်ပစ္စည်းများ လက်လီဖြန့်ချိသူ JD.comသည် ယခုနှစ် ဒုတိယသုံးလပတ်အား သမိုင်းတစ်လျှောက် ၎င်း၏ ဝင်ငွေတိုးတက်မှု အနှေးကွေးဆုံးကာလ အဖြစ် ထုတ်ပြန်ခဲ့သည်။

လျှပ်စစ်ကားထုတ်လုပ်သည့် ကုမ္ပဏီ Xpeng သည်လည်း မျှော်မှန်းထားသည်ထက် ဆုံးရှုံးမှု ပိုမိုကြီးမားခဲ့ကြောင်း ဖော်ပြခဲ့သည်။

ဇွန်သုံးလပတ်ကာလ၌ တရုတ်နိုင်ငံတွင် ကိုဗစ်ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာခဲ့သည်။ ပေကျင်းအစိုးရသည် ၎င်း၏ ကိုဗစ်လုံးဝ ပပျောက်ရေး မူဝါဒကို ဆက်လက်စွဲကိုင်ကာ လော့ခ်ဒေါင်း ချခြင်း၊ အစုအပြုံလိုက် ကိုဗစ်စစ်ဆေးခြင်း အပါအဝင် တင်းကျပ်သော စည်းမျဉ်းများစွာကို ချမှတ်ခဲ့သည်။ ရှန်ဟိုင်း အပါအဝင် မြို့ကြီးများတွင်လည်း ရက်သတ္တပတ်များစွာ လော့ခ်ဒေါင်း ချခဲ့သည်။

ထို့ကြောင့် ယခုနှစ် ဒုတိယ သုံးလပတ်ကာလအတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၀ ဒသမ ၄ ရာခိုင်နှုန်းသာ တိုးတက်လာခဲ့သည်။

Source: စီအင်န်ဘီစီ


LEAVE A REPLY

Please enter your comment!
Please enter your name here