ကော့ကရိတ်တွင် ဓာတ်အားပေးတာဝါတိုင်အား ပြင်ဆင်နေသည့် လျှပ် စစ်ဝန်ထမ်းများသေနတ်ဖြင့်ပစ်ခတ်ခံရ ၁ ဦးသေဆုံး ၄ ဦးဒဏ်ရာရ

0
302

ကော့ကရိတ်တွင် ဓာတ်အားပေးတာဝါတိုင်အား ပြင်ဆင်နေသည့် လျှပ် စစ်ဝန်ထမ်းများသေနတ်ဖြင့်ပစ်ခတ်ခံရ ၁ ဦးသေဆုံး ၄ ဦးဒဏ်ရာရ

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်၊ကော့နွဲ့ကျေးရွာအနီးတွင် သြဂုတ် ၂၀ ရက်ည ၁၁ နာရီခန့်က လက်နက်ကိုင်အဖွဲ့များ၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ဓာတ်အားပေးတာဝါတိုင် ၂ ခုပျက်စီးခဲ့သည်။

ထိုသို့ ပျက်စီးမှုကြောင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ လျှပ်စစ်ဓာတ်အားများပြတ်တောက်နေသဖြင့် မော်လမြိုင်မြို့၊ မဟာဓာတ်အားလိုင်းမှူးရုံးမှ ဝန်ထမ်းများက ပဲခူး-ကမာနစ် – စစ်တောင်း- သထုံ- မော်လမြိုင်- ကျုံဒိုး -ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူ- ကော့ကရိတ်-သင်္ကန်းညီနောင်-မြဝတီသို့ ဆက်သွယ်ထားသည့် မဟာဓာတ်အားလိုင်း ၂၃၀ ကေဗွီတာဝါ တိုင်အမှတ်၊ ၁၇၂ တို့အားပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။


ထိုသို့ ဆောင်ရွက်လျက်ရှိစဥ် သြဂုတ် ၂၉ ရက်နေ့လည် ၃ နာရီ ၂၀ မိနစ်ခန့်၌ လက်နက်ကိုင်အဖွဲ့ဝင် ၂၀ ဦးခန့်က အာရ်ပီဂျီ၊ ၄၀ မမ လက်နက်ကြီးများ၊ လက်ဖြောင့်သေနတ်များ၊ သေနတ်များဖြင့် လျှပ်စစ်ဝန်ထမ်းများအား လာရောက်ပစ်ခတ်ခဲ့ကြသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် မဟာဓာတ်အားလိုင်းမှူးရုံးမှဝန်ထမ်း ၁ ဦးသေဆုံးကာ ၄ ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ကော့ကရိတ်မြို့၊နယ်မြေခံဆေးတပ်ရင်းသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

လျှပ်စစ်ဝန်ထမ်းများအား ပစ်ခတ်တိုက်ခိုက်ခဲ့သည့် လက်နက်ကိုင်အဖွဲ့ဝင်များအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ဖမ်းဆီးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here