ငွေကျပ် ( ၂) ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ၊ဘိန်းစိမ်းနှင့်စိတ်ကြွဆေးပြားများအား မိုးညှင်းမြို့နယ်တွင် ဖမ်းမိ

0
237

ငွေကျပ် ( ၂) ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ၊ဘိန်းစိမ်းနှင့်စိတ်ကြွဆေးပြားများအား မိုးညှင်းမြို့နယ်တွင် ဖမ်းမိ

ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊နန့်ပုတ်ကျေးရွာအနီးရှိ မိုးညှင်း-မြစ်ကြီးနားသွားကားလမ်းတွင် သြဂုတ် ၂၅ ရက် မွန်းတည့်ပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ယင်းနေ့မွန်းတည့် ၁၂ နာရီခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မိုးညှင်း-မြစ်ကြီးနားသွားကားလမ်းတွင် ကိုစည်သူထွန်းမောင်းကာ ကားပိုင်ရှင်ဖြစ်သူ ဦးဝင်းမြင့်ဦး လိုက်လာသော ISUZU ၆ ဘီးကားအား သတင်းအရတားဆီးစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ ကားနောက်ခန်းရှိ စက္ကူဂျပ်ဖာများအတွင်းမှ ငွေကျပ်  ၂ ဒသမ ၂၇ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းစိမ်း ၃၃ ကီလို၊ ဘိန်းဖြူ ၂၄ ဒသမ ၄၂ ကီလို၊ စိတ်ကြွဆေးပြား ၁၀ ဒသမ ၈ သိန်းပြားတို့အား ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဘိန်းဖြူ၊ဘိန်းစိမ်းနှင့်စိတ်ကြွဆေးပြားများအား မန္တလေးတိုင်းမှကချင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူ ၂ ဦးအား မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင် ရာဥပဒေအရအရေးယူကာ ဆက်စပ်ပြစ်မှုကျူး လွန်သူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here