ဒဂုံမြိုသစ်တောင်ပိုင်းမြိုနယ်တွင် လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ် ၃ ဦးဒဏ်ရာရ

0
280

ဒဂုံမြိုသစ်တောင်ပိုင်းမြိုနယ်တွင် လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ် ၃ ဦးဒဏ်ရာရ

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၁၉ ရပ်ကွက်တွင် သြဂုတ် ၃၀ ရက်(ယနေ့)နံနက်ပိုင်းက လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၆ နာရီခွဲခန့်က ၁၉ ရပ်ကွက်၊မောင်းမကန်လမ်းနှင့်စည်ပင်လမ်းထောင့်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဥ်ကြောင့် အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၂ ဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် လူမှုကူညီရေးအသင်းကားများဖြင့် သင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

“ဗုံးပေါက်သံကတော့ ကျယ်တယ် ကျွန်တော်တို့အိမ်တောင်တုန်သွားတယ်ဗျ သိပ်မကြာဘူး လူနာတင်ကားတွေရောက်လာတာပဲ ၃ ယောက်ထိတယ် အခုကတော့ ရဲတွေစစ်သားတွေအများကြီးပဲစစ်နေကြတယ်”ဟု အခင်းဖြစ်နေရာအနီးနေသူတစ်ဦးကပြောသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက လာရောက်စစ်ဆေးလျက်ရှိပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here