ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများအလုပ်လုပ် ကိုင်နေသည့် ဂတ်စ်အိုးဖြည့်စက်ရုံပေါက်ကွဲကာမီးလောင်၍ ၅ ဦးဒဏ်ရာရ

0
164

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများအလုပ်လုပ် ကိုင်နေသည့် ဂတ်စ်အိုးဖြည့်စက်ရုံပေါက်ကွဲကာမီးလောင်၍ ၅ ဦးဒဏ်ရာရ

ထိုင်းနိုင်ငံ၊ဗန်စောင်ထုံခရိုင်၊စမွန်ပကန်ပြည်နယ်တွင် မြန်မာနိုင်ငံသားများအလုပ်လုပ်ကိုင်နေသည့် ဂတ်စ်အိုးဖြည့်စက်ရုံ၌ သြဂုတ် ၂၉ ရက်ည ၁၂ နာရီခွဲခန့်က ပေါက််ကွဲပြီးမီးလောင်ခဲ့ခြင်းဖြစ် သည်။

ဖြစ်စဥ်အား စမွတ်ပကန်ပြည်နယ်မှမီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက မီးငြိမ်းသတ်ရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသဖြင့် အခင်းဖြစ်ပြီး နာရီကျော်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။


ဖြစ်စဥ်ကြောင့် ယင်းစက်ရုံ၌အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများအနက် ၅ ဦးတွင် ထိ ခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူများအနက် အမျိုးသားတစ်ဦးမှာ မီးလောင်ဒဏ်ရာ(စိုးရိမ်ရ)အများအပြားရ ရှိခဲ့သဖြင့် အရေးပေါ်ဆေးကုသမှုများပြုလုပ်ရလျက်ရှိကြောင်း သိရသည်။


ထို့ပြင် စက်ရုံအတွင်းရှိ ကား ၂ စီး၊ဆိုင်ကယ် ၁ စီးနှင့်အဆောက်အအုံများလည်း မီးလောင်မှုနှင့်ပေါက်ကွဲမှုတို့ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရသည်။


အဆိုပါ ဂတ်စ်အိုးဖြည့်စက်ရုံသည် ဗန်စောင်ထုံခရိုင်၊စမွန်ပကန်ပြည်နယ်ရှိ ၂ ဧကကျယ်ဝန်းသည့် မြေနေရာ၌ဆောက်လုပ်ထားခြင်းဖြစ်ကာ လုပ်ငန်းလုပ်ကိုင်နေသည်မှာ ၁၀ နှစ်ကြာရှိပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here