လာမည့် နွေစပါးစိုက် ရာသီတွင် စပါးစိုက် ဧက (၈) သိန်းကျော်အတွက် အစိုးရက ငွေကျပ် ဘီလီယံ (၁၇၀) ထုတ် ပံပိုးပေးသွားမည်

0
231

လာမည့် နွေစပါးစိုက် ရာသီတွင် စပါးစိုက် ဧက (၈) သိန်းကျော်အတွက် အစိုးရက ငွေကျပ် ဘီလီယံ (၁၇၀) ထုတ် ပံပိုးပေးသွားမည်

လာမည့် နွေစပါးစိုက်ရာသီတွင် တောင်သူများနှင့် ကုမ္ပ ဏီများအကျိုးတူပူးပေါင်း စိုက်ပျိုးမည့် ကန်ထရိုက်လ ယ်ယာဧက (၈.၅)သိန်း စိုက်ပျိုးသွားမည်ဖြစ်ပြီး အစိုးရက ကျပ်ငွေ ဘီလီယံ (၁၇၀) ပံ့ပိုးပေးသွားမည်ဖြစ်ကြော င်း သိရသည်။


အဆိုပါ နွေစပါးစိုက်‌ဧက (၈.၅) သိန်းအတွက် (၁) ဧကလျင် (၂) သိန်းနှုန်းကို အတိုးနှုန်း သက်သာစွာ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။


ယင်းသို့ ပံ့ပိုးပေးရာတွင် ငွေသားကို ထောက်ပံ့ပေးသွားမည်မဟုတ်ဘဲ လိုအပ်သည့် မျိုးစပါးနှင့် ဓာတ်မြေဩဇာအတွက် ကုမ္ပဏီနှင့် ချိတ်ဆက်ပြီး တိုက်ရိုက်ပေးချေသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်း ဒုတိ ယဥက္ကဋ္ဌက နိုင်ငံပိုင်သတင်းဌာနသို့ ဖြေကြားထားသည်။


” နွေစပါးဆိုတာ ဓာတ်မြေဩဇာ အရမ်းလိုတယ်လေ။ ဓာတ်မြေဩဇာဝယ်ဖို့နဲ့ မျိုးစပါး ဝယ်ဖို့အတွက် ကုမ္ပဏီတွေကို ပေးချေသွားမှာပါ။ အတိုးနှုန်းကလည်း တော် တော်လေး သက်သာမယ်လို့ သိရတယ်လေ” ဟု ဆန်စပါးအသင်း ဒုတိယ ဥက္ကဋ္ဌက ပြောသည်။

ယခုပံ့ပိုးမှုသည် ပထမဆုံး အကြိမ်ဖြစ်ပြီး နွေစပါးစိုက်ဧကအားလုံး၏ သုံးပုံတစ်ပုံကိုသာ ပံ့ပိုးနိုင်ဦးမည် ဖြစ်သည့်အတွက် စိစစ်ရွေးချယ်မှုများ လုပ်ဆောင်ရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။


ယင်းသို့ ရွေးချယ်ရာတွင်  စနစ်တကျဖြင့် ကြွေးပြန်ဆပ်နိုင်မည့်သူများကို ဆန်စက်ပိုင်များထံက  ထောက်ခံချက်တောင်းခံကာ ရွေးချယ်သည့်ပုံစံမျိုးဖြင့် ရွေးချယါသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စိုက်ပျိုးရေး ဝန်ကြီးဌာနက ပြည်နယ်နှင့် တိုင်းအလိုက် မြို့နယ်များမှ တောင်သူများကို ခရိုင်အလိုက် လျာထားရွေးချယ်ပြီးသည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ် ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here