အမေရိကန်ဒေါ်လာ ၂ သန်းခန့်ရင်းနှီးမြှုပ်နှံ၍ ခနောက်စိမ်းသန့်စင်ရုံတည်ဆောက်ရန် ပြည်နယ်ဝန်ကြီးချုပ်ထံလာရောက်တွေ့ဆုံတင်ပြ

0
306

အမေရိကန်ဒေါ်လာ ၂ သန်းခန့်ရင်းနှီးမြှုပ်နှံ၍ ခနောက်စိမ်းသန့်စင်ရုံတည်ဆောက်ရန် ပြည်နယ်ဝန်ကြီးချုပ်ထံလာရောက်တွေ့ဆုံတင်ပြ

ကရင်ပြည်နယ်၊ဘားအံမြို့နယ်အတွင်း၌ အမေရိကန်ဒေါ်လာ ၂ သန်းခန့်ရင်းနှီးမြှုပ်နှံ၍ ခနှောက်စိမ်းသန့်စင်စက်ရုံတည်ဆောက်လိုသည့် Than Lwin Shwe Technology Co.,Ltd မှတာဝန်ရှိသူ များက သြဂုတ် ၃၀ ရက်တွင် ကရင်ပြည်နယ်ဝန် ကြီးချုပ်ဦးစောမြင့်ဦးထံလာရောက်တွေ့ဆုံတင် ပြခဲ့သည်။

Than Lwin Shwe Technology Co.,Ltd မှအမေရိကန်ဒေါ်လာ ၂ သန်းခန့်ရင်းနှီးမြှပ်နှံ၍ တစ်နှစ်လျှင် ခနှောက်စိမ်းတန်ချိန် ၉၀၀ ခန့်ထုတ်လုပ်နိုင်သည့် ၄၅ နှစ်သက်တမ်းရှိ ခနောက်စိမ်းသန့်စင်ရုံအား ဘားအံမြို့နယ်အတွင်း၌ တည်ဆောက်လိုသည်ဟု ပြည်နယ်ဝန်ကြီးချုပ်ထံတင်ပြခဲ့သည်။

အဆိုပါ စက်ရုံအား မြေဧရိယာ ၈ ဧကမှ ၁၀ ဧကခန့်ပေါ်၌ မီးခိုးထွက်မှုမရှိသလောက်နည်းပါးသည့် သန့်စင်နည်းပညာအား အသုံးပြုသွားမည်ဖြစ်ကာ ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မည်ဟု ဆွေးနွေးတင်ပြခဲ့သည်။

အလားတူ စက်ရုံတည်ဆောက်ခွင့်ရပါက သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းကာကွယ်မည့်အစီအစဉ်များကိုလည်း ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြခဲ့သည်။

ထို့သို့ ဆွေးနွေးတင်ပြမှုအား ပြည်နယ်ဝန်ကြီး ချုပ်နှင့်တာဝန်ရှိသူများက ဥပဒေလုပ်ထုံးလုပ် နည်းများနှင့်အညီ သတ်မှတ်စည်းမျဉ်းစည်းကမ်းများအတိုင်း အဆင့်ဆင့်ရေးဆွဲတင်ပြရန် ပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here