တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ညီလာခံကို အောက်တိုဘာ ၁၆ ရက်တွင် စတင်ကျင်းပမည်

0
296

တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ညီလာခံကို အောက်တိုဘာ ၁၆ ရက်တွင် စတင်ကျင်းပမည်

တရုတ်နိုင်ငံ၏ အာဏာရ ကွန်မြူနစ်ပါတီသည် ပါတီ၏ အကြိမ် ၂၀ မြောက်ညီလာခံကို အောက်တိုဘာလ ၁၆ ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ ညီလာခံတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ၎င်း၏ သမ္မတသက်တမ်းကို တတိယအကြိမ်မြောက် ဆက်လက်ထိန်းသိမ်းနိုင်ရန်နှင့် မော်စီတုံးနောက်ပိုင်း နိုင်ငံ၏ အာဏာအရှိဆုံး ခေါင်းဆောင်အဖြစ် ရပ်တည်နိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။

ငါးနှစ်တစ်ကြိမ် ကျင်းပလေ့ရှိသော အဆိုပါ ညီလာခံအား စတင်ကျင်းပမည့်ရက်ကို ဩဂုတ်လ ၃၀ ရက် အင်္ဂါနေ့တွင် ပေါ်လစ်ဗျူရိုက ထုတ်ပြန်ကြေညာခဲ့သည်။

ထိုညီလာခံသည် ပုံမှန်အားဖြင့် တစ်ပတ်ခန့်ကြာမြင့်လေ့ရှိပြီး အစည်းအဝေး အများစုကိုလည်း ပေကျင်းမြို့လယ် တိန့်အန်မင် ရင်ပြင်အနောက်ဘက်ခြင်းရှိ ပြည်သူ့ခန်းမကြီးတွင် တံခါးပိတ်ကျင်းပလေ့ရှိသည်။

သမ္မတရှီသည် အဆိုပါညီလာခံအတွင်း ပြုလုပ်မည့် အဓိကရာထူးခန့်အပ်မှုများနှင့် မူဝါဒလမ်းညွှန်ချက်များအပေါ် အငြင်းပွားမှု ကြီးကြီးမားမားမရှိဘဲ ထိန်းချုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

ရှီ၏ ဒုတိယသမ္မတသက်တမ်းတွင် တိုင်းပြည်စီးပွားရေး နှေးကွေးလာခြင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ခြင်း လုပ်ငန်းစဉ်မှစ၍ ရှားရှားပါးပါး လူထုဆန္ဒပြမှုများအထိ ဖြစ်ပေါ်လာခြင်းနှင့် အနောက်အုပ်စုများနှင့် သဘောထားကွဲလွဲမှု မြင့်တက်လာခြင်းအပြင် ထိုင်ဝမ်အရေးအပေါ် တင်းမာမှု မြင့်တက်ခြင်းများ လည်းဖြစ်ပေါ်ခဲ့သည်။

သို့ရာတွင် ရှီသည် လာမည့်နှစ်များအတွင်း “တရုတ်နိုင်ငံကို အားသစ်လောင်းပေးခြင်း” ဟူသော ၎င်း၏ ကြီးကျယ်ခမ်းနားသော မျှော်မှန်းချက်ကို ဆက်လက် အကောင်အထည်ဖော်နိုင်ရန်အတွက် သမ္မတရာထူးကို တတိယအကြိမ်မြောက် ရယူမည့် အနေအထားတွင် ရှိကြောင်း သိရသည်။

ရှီသည် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတတစ်ဦးသည် ၎င်း၏ သက်တမ်းကို ၂ နှစ်ကြိမ်ဆက်တိုက် ထက်ပို၍ ထမ်းဆောင်ခွင့်မရှိဟူသော ပြဌာန်းချက်ကို ၂၀၁၈ ခုနှစ်တွင် ဖယ်ရှားနိုင်ခဲ့သည့်အတွက် ၎င်း၏ တတိယအကြိမ်မြောက် ငါးနှစ်သက်တမ်းကို ဆက်လက် တာဝန်ယူသွားဖွယ်ရှိသည်။

Source: အယ်လ်ဂျာဇီးရာ


LEAVE A REPLY

Please enter your comment!
Please enter your name here