မြန်မာသံရုံး ဗန်ကောက်မြို့၌ ယာယီရပ်နားခဲ့သည့် နိုင်ငံကူးလက်မှတ်အသစ်ပြုလုပ်ခြင်းအား စက်တင်ဘာ ၈ ရက်မှစတင်ကာပြန်လည်ပြုလုပ်ပေးသွားမည်

0
316

မြန်မာသံရုံး ဗန်ကောက်မြို့၌ ယာယီရပ်နားခဲ့သည့် နိုင်ငံကူးလက်မှတ်အသစ်ပြုလုပ်ခြင်းအား စက်တင်ဘာ ၈ ရက်မှစတင်ကာပြန်လည်ပြုလုပ်ပေးသွားမည်

ထိုင်းနိုင်ငံရှိ မြန်မာသံရုံး၊ဗန်ကောက်မြို့၌ နိုင်ငံကူးလက်မှတ်အသစ်များပြုလုပ်ပေးခြင်းကို သြဂုတ် ၂ ရက်မှစတင်၍ ယာယီရပ်နားထားခဲ့သည်။

ထိုသို့ ယာယီရပ်နားထားခဲ့သည့် နိုင်ငံကူးလက် မှတ်အသစ်များပြုလုပ်ခြင်းကို စက်တင်ဘာ ၈ ရက်မှစတင်၍ ပြန်လည်ပြုလုပ်ပေးသွားမည်ဟု မြန်မာသံရုံး ဗန်ကောက်မြို့က အသိပေးထုတ်ပြန်ခဲ့သည်။

ပြန်လည်ပြုလုပ်ပေးရာ၌ မြန်မာသံရုံး ဗန်ကောက်မြို့သို့ ယခင်ရက်များက လူကိုယ်တိုင်လာရောက် ရက်ချိန်းတိုကင်ရယူထားသူများ၊ Call Center မှတဆင့် ရက်ချိန်းရယူထားသူများအား  ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြုလုပ်ပေးရာ၌ သြဂုတ် ၂ ရက်၊ ၃ ရက်တို့က ရက်ချိန်းရယူထားသူများနှင့်စက်တင်ဘာ ၈ ရက်အတွက် ရက်ချိန်းရယူထားသူများအား စက်တင်ဘာ ၈ ရက်၊ သြဂုတ် ၄ ရက်၊ ၅ ရက်နှင့်စက်တင်ဘာ ၉ ရက်တို့တွင် ရက်ချိန်းရယူထားသူ များအား စက်တင်ဘာ ၉ ရက်၊ သြဂုတ် ၈ ရက်၊ ၉ ရက်နှင့်စက်တင်ဘာ ၁၂ ရက်တို့တွင် ရက်ချိန်းရ ယူထားသူများအား စက်တင်ဘာ ၁၂ ရက်တို့တွင် ပြန်လည်ပြုလုပ်ပေးသွားမည်ဖြစ်သည်။

ထို့ပြင် သြဂုတ် ၁၀ ရက်၊ ၁၁ ရက်နှင့်စက်တင်ဘာ ၁၃ ရက်တို့တွင် ရက်ချိန်းရယူထားသူများအား စက်တင်ဘာ ၁၃ ရက်၊ သြဂုတ် ၁၅ ရက်၊ ၁၆ ရက်နှင့်စက်တင်ဘာ ၁၄ ရက်တို့တွင် ရက်ချိန်းရယူထားသူများအား စက်တင်ဘာ ၁၄ ရက်၊ သြဂုတ် ၁၇ ရက်၊ ၁၈ ရက်နှင့်စက်တင်ဘာ ၁၅ ရက်တို့တွင် ရက်ချိန်းရယူထားသူများအား စက်တင်ဘာ ၁၅ ရက်တို့၌ ပြုလုပ်ပေးသွားမည်ဖြစ်သည်။

အလားတူ သြဂုတ် ၁၉ ရက်၊ ၂၂ ရက်နှင့်စက် တင်ဘာ ၁၆ ရက်တို့တွင် ရက်ချိန်းရယူထားသူ များအား စက်တင်ဘာ ၁၆ ရက်၊ သြဂုတ် ၂၃ ရက် ၊ ၂၄ ရက်နှင့်စက်တင်ဘာ ၁၉ ရက်တို့တွင် ရက် ချိန်းရယူထားသူများအား စက်တင်ဘာ ၁၉ ရက်၊ သြဂုတ် ၂၅ ရက်၊ ၂၆ ရက်နှင့်စက်တင်ဘာ ၂၀ ရက်တို့တွင် ရက်ချိန်းရယူထားသူများအား စက် တင်ဘာ ၂၀ ရက်တို့တွင် ပြုလုပ်ပေးသွားမည်ဖြစ် သည်။

ထို့အတူ  သြဂုတ် ၂၉ ရက်၊ ၃၀ ရက်နှင့်စက်တင် ဘာ ၂၁ ရက်တို့တွင် ရက်ချိန်းရယူထားသူများအား စက်တင်ဘာ ၂၁ ရက်၊ သြဂုတ် ၃၁ ရက်၊ စက်တင်ဘာ ၁ ရက်နှင့် ၂၂ ရက်တို့တွင် ရက်ချိန်းရယူထားသူများအား စက်တင်ဘာ ၂၂ ရက်၊စက် တင်ဘာ ၂ ရက်၊ ၅ ရက်၊ ၂၃ ရက်တို့တွင်ရက်ချိန်းရယူထားသူများအား စက်တင်ဘာ ၂၃ ရက်နှင့် စက်တင်ဘာ ၆ ရက် ၊ ၇ ရက်၊ ၂၆ ရက်တို့တွင် ရက်ချိန်းရယူထားသူများအား စက်တင်ဘာ ၂၆ ရက်တို့တွင် အသီးသီးပြုလုပ်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here