အလုပ်ရှင်၏ အလုပ်စာချုပ်ပယ်ဖျက်ခြင်းခံရသည့် မြန်မာအလုပ်သမားများအား အလုပ်ရှင်သစ်ဖြင့်မိတ်ဆက်ပေး၍ ကိုရီးယားနိုင်ငံသို့အမြန်ဆုံးခေါ်ယူစေလိုကြောင်းမြန်မာသံအမတ်ကြီးဦးသန့်စင်ကတိုက်တွန်း

0
220

အလုပ်ရှင်၏  အလုပ်စာချုပ်ပယ်ဖျက်ခြင်းခံရသည့် မြန်မာအလုပ်သမားများအား အလုပ်ရှင်သစ်ဖြင့်မိတ်ဆက်ပေး၍ ကိုရီးယားနိုင်ငံသို့အမြန်ဆုံးခေါ်ယူစေလိုကြောင်းမြန်မာသံအမတ်ကြီးဦးသန့်စင်ကတိုက်တွန်း

ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသန့်စင်က “2022 EPS Conference”သို့တက်ရောက် ၍ အလုပ်ရှင်၏ အကြောင်းအမျိုးမျိုးကြောင့် အ လုပ်စာချုပ်ပယ်ဖျက်ခြင်းခံရသည့် မြန်မာအလုပ် သမားများအား အလုပ်ရှင်သစ်ဖြင့်မိတ်ဆက်ပေးကာ ကိုရီးယားနိုင်ငံသို့အမြန်ဆုံးခေါ်ယူရန်ကူညီပေးစေလိုသည်ဟု ပြောကြားခဲ့သည်။

မြန်မာသံအမတ်ကြီးဦးသန့်စင်က EPS စနစ်ဖြင့် ကိုရီးယားနိုင်ငံသို့ တရားဝင်မြန်မာအလုပ်သမားများအား ၂၀၁၁ ခုနှစ်က စတင်စေလွှတ်လျက်ရှိရာ ယနေ့အထိ ၄၄၄၇၂ ဦး စေလွှတ်ပြီးဖြစ်သည်ဟု ပြောသည်။

ထို့ပြင် ကိုဗစ်(၁၉)ရောဂါ ကာလအတွင်း ကိုရီးယားနိုင်ငံဘက်မှမြန်မာအလုပ်သမားများ၏ တန်းစီဇယားသက်တမ်းကို ၁ နှစ်တိုးပေးခဲ့ခြင်းနှင့် Certificate for Confirmation of Visa Issuance(CCVI)သက်တမ်းကို ၃ လမှ ၆ လ၊ ၆ လမှ ၁ နှစ်အထိတိုးမြှင့်ပေးခဲ့သည်ဟုပြောသည်။

၂၀၂၂ ခုနှစ်အတွက် မြန်မာအလုပ်သမားများ အမြန်ဆုံးဝင်ရောက်အလုပ်လုပ်ကိုင်နိုင်ရန်လက်ခံပေးခြင်းနှင့်စာမေးပွဲဖြေဆိုအောင်မြင်ခွင့်ဦးရေအား ၉၁၂၅ ဦးသတ်မှတ်ပေးခဲ့သည်ဟု ပြောသည်။

 

စာမေးပွဲဖြေဆိုအောင်မြင်ခွင့် Quota နှင့်အလုပ်သမားခေါ်ယူမည့် Quota ဦးရေတို့ကိုလည်း တိုးမြှင့်သက်မှတ်ပေးစေလိုသည်ဟု မြန် မာသံအမတ်ကြီးဦးသန့်စင်က ဆွေးနွေးပြောကြားခဲ့သည်။

ကိုရီးယားနိုင်ငံ၊အလုပ်အကိုင်နှင့်အလုပ် သမားရေးရာဝန်ကြီးဌာနအောက်ရှိ HRD-Korea ၏ ဥက္ကဋ္ဌ Mr. Soobong Uh ကလည်း ကိုရီးယားနိုင်ငံအနေဖြင့် EPS စနစ်ဖြင့် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ တရားဝင်အလုပ်သမားများအားခေါ်ယူ၍ အ လုပ်အကိုင်များတိုးမြှင့်ဖန်တီးပေးနေကာ အလုပ် သမားများလုပ်ငန်းခွင်အန္တရာယ်ကာကွယ်ရေးက ဏ္ဍ၌ အလုပ်ရှင်၊အလုပ်သမားများအား အသိပ ညာပေးမှုတိုးမြှင့်ဆောင်ရွက်နေသည်ဟု ပြော သည်။

ကျွမ်းကျင်အလုပ်သမားများပိုမိုလိုအပ်နေသဖြင့် ကိုရီးယားနိုင်ငံသို့ရောက်ရှိနေသည့် ပြည်ပအလုပ်သမားများအနေဖြင့် ကိုရီးယားနိုင် ငံ၏ ဘာသာစကား၊ယဉ်ကျေးမှုစသည့် တက်ကျွမ်းသိရှိရမည့် အခြေအနေများအား အလေး ပေးသင်ကြားကာ ကြုံတွေ့နေရသည့်အခက်အခဲများရှိပါက အလုပ်ရှင်များနှင့် တတ်နိုင်သမျှညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့သည်။

အစည်းအဝေးတွင် HRD-Korea ဥက္ကဋ္ဌ၊ Korea Occupational Safety and Health Agency ဥက္ကဋ္ဌ နှင့်နိုင်ငံပေါင်း ၁၆ နိုင်ငံမှ သံရုံးအကြီးအကဲများက E-9 အလုပ်သမားများ လုပ်ငန်းခွင်အန္တရာယ်တားဆီးကာကွယ်ရေးအတွက် စိတ်အားထက် သန်မှုကိုဖော်ပြသည့် စာချွန်လွှာ Letter of Intent for the Prevention of Industrial Accidents for Foreign Workers(E-9) အားလက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါ “2022 EPS Conference”အား ကိုရီးယားနိုင်ငံ Gyeongnam ပြည်နယ်၊ Changwon မြို့၌ သြဂုတ် ၂၉ ရက်နှင့် ၃၀ ရက်တို့က ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ကိုရီးယားနိုင်ငံသို့ Employment Permit System–EPS စနစ်ဖြင့် တရားဝင်အလုပ်သမားစေလွှတ်လျက်ရှိသည့် အခြား ၁၆ နိုင်ငံမှသံအ မတ်ကြီးများ၊သံရုံးအကြီးအကဲများတက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here